ပုဒ်မ ၅၀၅(ခ)ဖြင့် တစ်လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံရကာ အမှုဖွင့်ခံထားရသည့် နည်းပညာအထက်တန်းကျောင်း (GTHS) ကျောင်းအုပ် ဒေါက်တာဒေါ်ချိုယုမွန်အမှုနှင့် ပတ်သက်၍ တရားလိုကို မတ်လ ၁၆ရက်နေ့တွင် စတင် စစ်ဆေး မည်ဖြစ်ကြောင်း အမှုကို လိုက်ပါကူညီပေးနေသူများထံမှ သိရသည်။
အမှုကို လိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေတစ်ဦးက “ဒေါ်ချိုယုမွန်ကို အခုချိန်အထိတော့ တချိန်မှ ရုံးမထုတ်ရသေး ဘူး။ ပြီးခဲ့တဲ့ ရုံးချိန်းတွေတုန်းက ဒေါ်ချိုယုမွန်အတွက် ကျနော်တို့ ပါဝါတင်လိုက်တယ်။ ပြီးတော့ အာမခံ လျှောက် တယ်။ ဆေးစာတွေဘာတွေနဲ့ အကုန်ပေါ့နော်။ လာမယ့် ၁၆ရက္ ရုံးချိန်းမှာ အာမခံပေးသင့် မပေးသင့် လျှောက်ထား တာနဲ့ပတ်သက်ပြီး လျှောက်လဲချက်ပေးရမယ်။နောက်တစ်ခုက ရုံးချိန်းထုတ်ပြီး အမှုစစ်ပေးဖို့ပေါ့။ အဲဒီတစ်ခု လျှောက် ထားတယ်။ အဲဒီနေ့မှာပဲ တရားလိုနဲ့ လိုပြသက်သေတွေစစ်ဖို့ ချိန်းထားတယ်။”ဟု ပြောသည်။
ဒေါက်တာချိုယုမွန်ကို ဖားအံမြို့နယ် အုပ်ချုပ်ရေးမှုး ဦးဇေထက်အောင်မှ တရားလိုပြုလုပ်ကာ ႏိုင္ငံတော်အ ကြည်ညိုပျက်စေမူ ပုဒ်မ ၅၀၅(ခ)ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါအမှုကို ပြည်နယ်အေျခစိုက္ ရှေ့နေ ငါးဦးက လိုက်ပါကူညီ ဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။
ဖေဖော်ဝါရီလ ၅ရက်နေ့က ဖားအံမြို့ရှိ အစိုးရ၏ နည်းပညာအထက်တန်းကျောင်း၌ ဖဲကြိုးနီလှုပ်ရှားမှု(Red Ribbon Campaign) ပြုလုပ်ဆောင်ရွက်ခဲ့အပြီး ထိုနေ့ညနေ ၃နာရီခွဲခန့်တွင် ဒေါက်တာချိုယုမွန်အား သူမနေထိုင်သည့် နေအိမ် တွင် ဖားအံမြို့မရဲစခန်း တာဝန်ရှိသူများနှင့် မြို့နယ်အုပ်ချုပ်ရေးမှုးများ ပါဝင်သည့်အဖွဲ့က လာရောက်ေခၚဆောင်ခဲ့ ပြီး လက်ရှိအခ်ိန္တတွင် တောင်ကလေးအကျဥ်းထောင်တွင် ထိန်းသိမ်းထားသည်ဟု သိရသည်။
ဖေဖော်ဝါရီ ၁ရက်နေ့ နောက်ပိုင်း ဖြစ်ပေၚခဲ့သည့် လူထုဆန္ဒထုတ်ဖော်မူများကြောင့် ကရင်ပြည်နယ်အတွင်း ဖမ်းဆီး ထိန်းသိမ်းခံရသူ ၈၀ဦးထက်မနည်း ရှိနေကြောင်းလည်း ဥပေဒအတိုင္း လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် ရှေ့နေ များ၏ ပြောဆိုချက်များအရ သိရသည်။







