KNU နယ်မြေရှိ မြန်မာ့တပ်မတော်သား ၁၀ ဦးကျော် CDM လှုပ်ရှားမှုတွင် ပါဝင်လာ

KNU နယ်မြေရှိ မြန်မာ့တပ်မတော်သား ၁၀ ဦးကျော် CDM လှုပ်ရှားမှုတွင် ပါဝင်လာ

လတ်တလော စစ်အာဏာရှင် ဆန့်ကျင်ရေး အာဏာဖီဆန်မှု (CDM) လှုပ်ရှားမှုတွင် ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး (တပ်မဟာ ၅) နယ်မြေတွင်း အခြေချသည့် မြန်မာ့တပ်မတော်သား ၁၀ ဦးကျော် ပါဝင်လာသည်ဟု သိရသည်။

ကေအဲန်ယူ တပ်မဟာ ၅ ပြောခွင့်ရသူ ပဒိုမန်းမန်းမန်းက “ အခုကတော့ ၁ဝ ကျော်ပြီးပေါ့ နော်။ နောက်ထပ် လာနိုင်မယ့် အလားအလာတွေလည်း ရှိနိုင်ပါသေးတယ်။ အကြမ်းဖက် စစ်အုပ်စုရဲ့ လုပ်ရပ်တွေပေါ်မှာကတော့ သာမန်ဌာနဆိုင်ရာဝန်ထမ်းတွေမကဘဲနဲ့ တပ်မတော် သားတွေကလည်းပဲသိလာပါပြီး။ အဲဒါကို အားရကြိုဆိုတယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ အတည်ပြုပြောသည်။

အဆိုပါ CDM လှုပ်ရှားမှုတွင် ပါဝင်လာသည့် တပ်မတော်သားများထဲတွင် ဆယ်ကျော် သက်အရွယ် တပ်သားအဆင့်အများစု ဖြစ်ပြီး အချို့မှာ လက်နက်ခဲယမ်းများအတူ ယူဆောင်လာကာ လက်ရှိတွင် ၎င်းတို့ ၏ လုံခြုံရေးနှင့် နေထိုင်စားသောက်ရေးကို ကေအဲန်ယူ တပ်မဟာ ၅က စီစဉ်ထားသည်ဟုလည်း ပဒိုမန်းမန်းမန်းက ဆက်ပြောသည်။

ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန်သည့် ကေအဲန်ယူ မူတြော်ခရိုင် (တပ်မဟာ ၅ ) ထုတ်ပြန်ချက်တွင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော အကြမ်းမဖက်သည့် ငြိမ်း ချမ်းစွာ ဆန္ဒထုတ်ဖော်သော လူထုလှုပ်ရှားမှုမှန်သမျှကို ထောက်ခံဝန်းရံပံ့ပိုးသွားမည်ဖြစ်ပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သော လူထုလှုပ်ရှားမှုများအား အာဏာသိမ်းအစိုးရမှ အကြမ်းဖက် နှိမ်နင်းခြင်းများ၊ ဖမ်းဆီးခြင်းများနှင့် တရားစွဲဆိုခြင်းများအား မပြုလုပ်ရန် တောင်းဆို ထားသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...