ကျောက်ကြီးဒေသခံတောင်သူလယ်သမားများ လှည်းအစီး ၁၀၀ကျော်ဖြင့် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်

ကျောက်ကြီးဒေသခံတောင်သူလယ်သမားများ လှည်းအစီး ၁၀၀ကျော်ဖြင့် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု လေးအုပ်စုမှ ဒေသခံ တောင်သူလယ်သ မားများသည် နွားလှည်းအစီးရေ ၁၀၀ကျော်ဖြင့် လှည့်လည်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ဆန္ဒ ဖော်ထုတ်ခဲ့ကြကြောင်း ဒေသခံများထံမှ ကေအိုင်စီက သတင်းရရှိသည်။

အဆိုပါ ဒေသခံများသည် ဆန်ကောများပေါ်နှင့် ဗီနိုင်းနောက်ခံအဖြူပေါ်တွင် စစ်အာဏာရှင် အလိုမရှိ၊ ၂၀၀၈ဖွဲ့စည်းပုံဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ဖော်ဆောင်ရေး၊ ဖမ်းဆီးခံထားရသူများ လွှတ်ပေး ရေး၊ စစ်ကောင်စီမှ ချမှတ်ထားသော အုပ်ချုပ်ရေး အလိုမရှိ၊ တိုင်းရင်းသားဒေသတွင်း နယ်ချဲ့ဝါဒီများ အလို မရှိ စသည့်ကြွေးကြော်ချက် ၆ချက်ကို မှင်ဖြင့် ရေးသားထားကာ ၎င်းကျေးရွာအုပ်စုများအတွင်း လှည့်လည် ရင်း ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

ယနေ့ပြုလုပ်သည့် လှည်းတန်းဖြင့် လှည့်လည်ဆန္ဒထုတ်ဖော်ပွဲတွင် ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျွဲတ လင်း၊ ဝက်လာ၊ မမယမ်း၊ ပတ္တလား ကျေးရွာအုပ်စုများမှ ဒေသခံတောင်သူလယ်သမား တစ်ထောင်နီးပါး ပါဝင်ခဲ့ကြသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

အလားတူ ကျောက်ကြီးမြို့နယ်အတွင်းရှိ ငထွေစုတ်၊ ဝဲကြီး၊ မုန်းနှင့်ကျောက်ကြီးဒေသခံလူထုအင်အား တစ် ထောင်ကျော်မှာလည်း ယနေ့မနက်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ကျောက်ကြီးမြို့သို့ ချီတက်ကာ ဆန္ဒပြခဲ့ကြသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...