မြန်မာအလုပ်သမားကူညီရေးအဖွဲ့များစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ပါဝင်သူများအတွက် ထောက်ပံ့ငွေပေးအပ်

မြန်မာအလုပ်သမားကူညီရေးအဖွဲ့များစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ပါဝင်သူများအတွက် ထောက်ပံ့ငွေပေးအပ်

ထိုင်းနိုင်ငံ၊ မဲဆောက် အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမားကူညီရေးအဖွဲ့များစုပေါင်း၍ လက်ရှိ စစ်အာ ဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူများ၊ CDM ဝန်ထမ်းများနှင့် ကျဆုံးသွားသော မိသားစုဝင်များအတွက် ထောက်ပံ့ငွေများ ပေးပို့လှူဒါန်းမှု ပြုခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က မဲဆောက်မြို့၊ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီး ရုံး(UNHCR) ရုံးရှေ့တွင် အလုပ်သမားအရေး ကူညီဆောင်ရွက်သူများအပြင် ထိုင်းရောက် မြန်မာရွှေ့ ပြောင်းအလုပ်သမားများ ပါဝင်၍ ဆန္ဒဖော်ထုတ်မှုတစ်ခုပြုလုပ်ခဲ့ပြီးနောက် အလှူငွေ ပေးအပ်မှုကိုပါ တပါတည်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဦးဆောင်ပါဝင်သူ ကိုသင်္ကြန်က“ဒီရွှေ့ပြောင်းအလုပ်သမားတွေဆီက လာတဲ့ အလှူအတန်းလေးတွေနဲ့ စုတယ်။ စုပြီးတော့ ပြည်တွင်းထဲမှာ CDM လုပ်နေတဲ့ အဖွဲ့တွေကို လှူတာရှိတယ်။ နောက်တိုက်ပွဲဝင်နေတဲ့ သပိတ် ကော်မတီတွေဆီ လှူတာရှိတယ်၊ နောက် ကျဆုံးသွားတဲ့ ရဲဘော်တွေဆီကို လှူတာလည်းရှိတယ်။ မနေ့က ကျဆုံးသွားတဲ့ ရဲဘော် ၁၂ ယောက်ထဲက ၅ ယောက်ကို ကူပြီးသွားပြီး” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် လက်ရှိကောက်ခံရရှိခဲ့သည့် ငွေသားများကို သက်ဆိုင်ရာ လိုအပ်သည့် ဒေသတချို့သို့ ငွေ ကြေး ပေးပို့ လှူဒါန်းခဲ့ပြီး ဖြစ်သလို ရှေ့ဆက် ဆက်လက် လှူဒါန်းမှု ပြုနိုင်ရန်လည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း က ၎င်းက ဆက်ပြောသည်။

ယမန်နေ့က UNHCR ရုံးရှေ့တွင် ပြုလုပ်ခဲ့သည် ဆန္ဒဖော်ထုတ်မှုတွင် ကျဆုံးသွားသူများကို အောက်မေ့ ဝတ်ပြု ဆုတောင်းခြင်းအပြင် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရေးနှင့် စစ်အာဏာရှင် စနစ်ကျဆုံးရေး ကြွေး ကြော်ခဲ့ကြသည်။

အလားတူ ယမန်နေ့ညနေ ပိုင်းလောက်တွင်လည်း ထိုင်းရောက် မြန်မာလူငယ်များစုပေါင်း၍ Milk Tea Alliance Campaign အနေဖြင့် မဲဆောက်မြို့ အာရှလမ်းမသစ်ပေါ်တွင် အသံတိတ်လမ်းလျှောက် ချီတက်ဆန္ဒဖော် ထုတ်မှုတစ်ခုလည်း ပြုလုပ်ခဲ့ကြသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...