ဖားအံမြို့ ဆန္ဒပြပွဲ အင်အားသုံးဖြိုခွင်းခံရပြီး လူ ၄၀ ဦးကျော် ဖမ်းဆီးခံရ

ဖားအံမြို့ ဆန္ဒပြပွဲ အင်အားသုံးဖြိုခွင်းခံရပြီး လူ ၄၀ ဦးကျော် ဖမ်းဆီးခံရ

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ယနေ့ (ဖေဖော်ဝါရီလ ၂၈ ရက်)ပြုလုပ်သည့် ပြည်လုံးကျွတ်စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲ သပိတ်စစ်ကြောင်းများကို နံနက် ၁၀ နာရီဝန်းကျင်ခန့်က စတင်ဖြိုခွဲခံရပြီး လူ ၄၀ဦးကျော် ဖမ်းဆီးထိန်းသိမ်းခံရသည်ဟု ဦးဆောင်သူများက ပြောသည်။

ယနေ့ ဆန္ဒပြပွဲကို ဖားအံမြို့ ကမ်းနားညဈေး၊ ရေပေါ်ဈေး၊ အောင်သံလွင်ကွင်းအနောက် အောင်နန်း(၁) လမ်း ထိပ်၌ စုရုံးကြပြီးနောက် နံနက် ၉ နာရီတွင် စတင်ထွက်ခွာခဲ့ရာ ၁၀ နာရီဝန်းကျင်တွင် ကမ်းနားညဈေး၊ မြို့မရဲ စခန်းနှင့် နာရီစင်စသည့်နေရာတွင် မျက်ရည်ယိုဗုံးများနှင့် ရေအင်အားသုံးဖြိုခွင်းမှုများခံရသည့်အပြင်  သေနတ်များဖြင့် ပစ်ခတ်ဖြိုခွင်းမှုများလည်းရှိသည်။

အဆိုပါ ဖြိုခွင်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူအချို့ရှိသလို ဖမ်းဆီးခံရသူ ၄၀ ဦးကျော်တွင် အများစုမှာ မိန်းကလေးများဖြစ်ကြပြီး ၎င်းတို့ကို တောင်ကလေးထောင်သို့ ပို့ဆောင်လိုက်သည်ဟု နီးစပ်သူများက ပြော ဆိုကြသည်။

ယနေ့ ဖားအံမြို့ ဆန္ဒထုတ်ဖော်သူများကို မျက်ရည်ယိုဗုံးနှင့် သေနတ်များဖြင့် ပစ်ခတ်ဖြိုခွင်းမှုမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ယနေ့ ဖမ်းဆီးမှုတွင် အရပ်ဝတ်ဖြင့်ဖမ်းဆီးမှုများလည်းရှိသလို ယမန်နေ့ကလည်း ဖမ်းဆီးမှုများရှိသည်ဟု သိရသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...