နေပြည်တော်တွင် ကျန်နေသည့် NLD အမတ်များ လွှတ်တော်ခေါ်ယူကာ ကျမ်းကျိန်

နေပြည်တော်တွင် ကျန်နေသည့် NLD အမတ်များ လွှတ်တော်ခေါ်ယူကာ ကျမ်းကျိန်

၂၀၂၀ ရွေးကောက်ပွဲ အပြတ်အသတ် နိုင်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လွှတ်တော် ကိုယ်စားလှယ်များသည် ယနေ့ (ဖေဖော်ဝါရီ ၄)ရက် မနက်ပိုင်းတွင် နေပြည်တော် စည်ပင်ရိပ်သာ၌ လွှတ်တော်ခေါ်ယူကာကျမ်းကျိန်ခဲ့ကြောင်း စုံစမ်းသိရသည်။

စစ်အာဏာသိမ်းမှုကို လက်မခံဘဲ နေပြည်တော် စည်ပင်ရိပ်သာတွင် ကျန်ရှိသည့် NLD လွှတ်တော် အမတ် (၇၀) ဦး စုပေါင်းကာ ကိုယ်တိုင် လွှတ်တော်ခေါ်ယူပြီး ကျမ်းကျိန်ကာ ကတိသစ္စာပြု လက်မှတ်ရေးထိုးခဲ့ကြောင်း ရန်ကုန်တိုင် မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်ဖြူဖြူသင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ လွှတ်တော်ကိုယ်စားလှယ်တွေ စုပေါင်းရှိတဲ့နေရာဟာ လွှတ်တော်ကျင်းပခွင့်ရှိတယ်ဆိုတာ ရှိပါတယ်။ ကျမတို့ ဟာ ပြည်သူတွေ က ပေးတဲ့မဲ။ ပြည်သူတွေက mandate ပေးထားတဲ့ ကိုယ်စားလှယ်တွေပါ။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေစုပြီး ကတိသစ္စာ ပြုကျမ်းကျိန် လက်မှတ်ထိုးခဲ့ပါတယ်” ဟု ဒေါ်ဖြူဖြူသင်း က ဆိုသည်။

တချို့ လွှတ်တော် အမတ်များသည် မိမိနေရပ်ကို ပြန်သွားကြပြီဖြစ်သဖြင့် မကြာမီ အချိန်မှာလည်း ထို ပြည်သူမှ ရွေးချယ်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်များကို အွန်းလိုင် ဖြင့် ဆက်လက်ပြု လုပ်သွား မည် ဟု လည်း ဒေါ်ဖြူဖြူသင်း က ပြောသည်။

“ကျမတို့ လွှတ်တော် အများအပြားကျန်နေသေးတယ်။ တချို့ ဆိုရင် ဒေသဝေးတဲ့အတွက်ကျန်တာ ရှိတယ်။ ကျန်တာတွေကိုလည်း အွန်လိုင်းကနေပြီး တော့ဆက်ပြီး ပြုလုပ်သွားပါမယ်” ဟု ၎င်း က ဆက်လက်ပြောသည်။

တခြားတိုင်းရင်းသား ပါတီ မှ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ပူးပေါင်း ဆောင်ရွက်သွားရန် စီစဉ်ရှိကြောင်း လည်း သိရသည်။

“ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားပါမယ်” ဟု ဒေါ်ဖြူဖြူသင်း ကပြောသည်။

နှစ်ပေါင်းများစွာ စစ်အာဏာရှင် လက်အောက်တွင် နေထိုင်လာခဲ့ရသဖြင့် မြန်မာနိုင်ငံတွင် ကျန်းမာရေး၊ ပညာရေး အဖက်ဖက် ကျဆင်းခဲ့ကြောင်း၊ ထို့ကြောင့် စစ်အာဏာရှင်ကို ဖြုတ်ချဖို့ အားလုံးကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် တတိုင်းပြည်လုံး အနိုင်ရရှိသော်လည်း တပ်မတော် အာဏာသိမ်းပိုက်မှုကြောင့် ရွေးကောက်ခံ ကိုယ်စားလှယ်များ လွှတ်တော် တွင်းမရောက်ရှိခဲ့ပေ။

ထိုအနိုင်ရ ကိုယ်စားလှယ်များလည်း ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော်များကိုယ်စားပြု ကော်မတီ CRPP ဖွဲ့စည်းပြီး နိုင်ငံရေးလှုပ်ရှားမှုများ ပြုလုပ်လာခဲ့သည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...