ရွာငံတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အရပ်သား ၈ ဦး ဖမ်းဆီး

ရွာငံတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အရပ်သား ၈ ဦး ဖမ်းဆီး

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ အုတ်တွင်းကျေးရွာဘက်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အရပ်သား ၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင်လ ၁၈ ရက် ညနေ ၃ နာရီခန့်တွင် စစ်တပ်သည် ကျောက်ငှက်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးစဉ် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထို့နောက် ဇူလိုင်လ ၁၉ ရက်နေ့တွင် စစ်တပ်က အုတ်တွင်းကျေးရွာမှ ဒေသခံ ၈ ဦးခန့်ကို ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ရွာငံဒေသခံတစ်ဦးက ပြောသည်။

“တိုက်ပွဲက အကြာကြီးတော့ မဖြစ်လိုက်ဘူး။ စစ်တပ်က အလစ်ငိုက်တိုက်ခိုက်ခံရတော့ သေဆုံးသူလည်း ရှိတယ်။ တိုက်ပွဲဖြစ်ပြီး နောက်ရက်ကို အုတ်တွင်းက လူ ၈ ဦး အဖမ်းခံရတယ်။”

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အုတ်တွင်းနှင့် ကျောက်ငှက်ကျေးရွာများတွင် တပ်စွဲထားပြီး ဒေသခံများကို သွားလာခွင့် ကန့်သတ်ထားသဖြင့် ခြံလုပ်ငန်းများ သွားရောက်မလုပ်ကိုင်ရဲကြကြောင်း ကျောက်ငှက်ကျေးရွာ ဒေသခံတစ်ဦးက ထပ်လောင်းပြောဆိုသည်။

ဖမ်းဆီးခံရသည့် အရပ်သားများကို လက်ရှိအချိန်အထိ မိသားစုဝင်များက ဆက်သွယ်၍ မရသေးပေ။

အလားတူ ဇူလိုင်လ ၁၆ ရက်နေ့ကလည်း ရွာငံ-အောင်ပန်းလမ်း၊ ငုတ်ချောင်းဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် စစ်တပ်က အင်အားအလုံးအရင်းဖြင့် လမ်းပိုင်းတစ်လျှောက် တင်းကျပ်စွာ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည် ဟု ဒေသခံများက ပြောသည်။

ရွာငံဒေသခံ အမျိုးသမီးတစ်ဦးက “ရွာငံမှာ နေရတာလည်း မပျော်တော့ဘူး၊ တိုက်ပွဲဖြစ်လိုက် လူသတ်မှုဖြစ် လိုက်နဲ့ အမျိုးမျိုးကြားရတယ်။ ခရီးသွားရင်လည်း လမ်းမှာ စစ်ဆေးတဲ့ အဖွဲ့တွေ ၅ ဖွဲ့လောက်ရှိတယ်။ ဆိုင် ကယ်ဆိုရင်လည်း တူးဘောက် ဖွင့်ခိုင်းတယ်၊ ကားတွေဆို အကုန်စစ်တယ်၊ သူတို့မသင်္ကာရင် ခေါ်မေးပြီး ရစ် တာ တခါတလေဆို ပိုက်ဆံတောင်းတယ်” ဟု ပြောသည်။

လက်ရှိတွင် ရွာငံမြို့နယ်၌ တိုက်ပွဲများအပြင် လူသတ်မှု၊ ခိုးဆိုးလုယက်မှုနှင့် မုဒိမ်းမှုများ မကြာခဏ ဖြစ်ပွားနေ သော်လည်း မည်သည့်အဖွဲ့အစည်းကမျှ တာဝန်ယူဖြေရှင်းပေးခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့ကလည်း ညောင်ပင်ခွကျေးရွာတွင် ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) အဖွဲ့ဝင်တစ်ဦးနှင့် အရပ်သားတစ်ဦး အသတ်ခံခဲ့ရသည်။ မေလမှ ဇူလိုင်လအတွင်း ကျေးရွာအုပ်ချုပ် ရေးမှူး၊ ပျူစောထီးနှင့် အရပ်သား စုစုပေါင်း ၁၃ ဦးအထိ အသတ်ခံခဲ့ရသည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် မိုးနဲဒေသခံ စိုင်းမိန်း (ခေါ်) စိုင်းလင်း။ / Crd)
September 21, 2026
သျှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့တွင် ဒေသခံအမျိုးသားတစ်ဦး စစ်မှုထမ်းရန်အတွက် စစ်အုပ်စုတပ်၏...
September 21, 2026
-  ရခိုင် စစ်တွေစစ်မျက်နှာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စု တပ်စခန်းတချို့...
စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...