စစ်အာဏာရှင်လက်အောက် အလုပ်မလုပ်လိုဟု ကျန်းမာရေးဝန်ထမ်းများ ဆန္ဒထုတ်ဖော်

စစ်အာဏာရှင်လက်အောက် အလုပ်မလုပ်လိုဟု ကျန်းမာရေးဝန်ထမ်းများ ဆန္ဒထုတ်ဖော်

စစ်အာဏာရှင် လက်အောက်တွင် အလုပ်မလုပ်လိုသဖြင့် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများ ယနေ့ (ဖေဖော်ဝါရီ ၄)ရက်တွင် ဆန့်ကျင် ကန့်ကွက်မှု ပြုလုပ်ခဲ့သည်။

စဝ်စံထွန်းဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်း အယောက် (၅၀)ကျော်သည့် ယနေ့မနက် (၈နာရီကျော် မှ ၉ နာရီ)ထိ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင် ကန့်ကွက် ပြုလုပ်ခဲ့ ကြောင်း သိရသည်။

“ ကျမတို့ စစ်အာဏာလက်အောက်မှာ အလုပ်မလုပ်ချင်ဘူး။ ဒီနေ့ ကစပြီး ကျမတို့ အလုပ်မလုပ်ဘူး။ အဆောင်ပြန်နေမယ်။ အိမ်ပြန်နေတော့မယ်” ဟု တောင်ကြီး စဝ်စံထွန်းဆေးရုံ တွင် တာဝန်ထမ်းဆောင်သည့် ဆရာဝန်တဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ဆန့်ကျင်ရသည့် အကြောင်းရင်းမှာ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ(၃)ရပ်အား ဒီမိုကရေစီ နည်းလမ်း တကျ ရွေးချယ်တင်မြှောက်ထားသော ပြည်သူ့အစိုးရ ထံမှ အာဏာရှင်စစ်အုပ်စု သည် ဖေဖော်ဝါရီ ၁ရက် တွင် တရားနည်းလမ်းမကျ အတင်းအဓမ္မသိမ်းယူခဲ့ကြောင်း၊ အာဏာရှင် စစ်ယန္တရားလည်ပတ်ရန် အတွက် ပြည်ထောင်စု အစိုးရအဖွဲ့တခုကိုလည်း ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်ဖွဲ့စည်းထားသဖြင့် ဆန့်ကျင်ကန့်ကွက်ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် တောင်ကြီးမြိုု့ ကုတင် ၅၀၀ ဆံ့ စဝ်စံထွန်းဆေးရုံမှ လက်ထောက်ဆရာဝန်များသည် အာဏာရှင်စနစ် လက်အောက်တွင် အလုပ် တာဝန် များကို ဆက်လက် ထမ်းဆောင်ခြင်း လုံးဝ မပြုလုပ်လိုသဖဖြင့် မိမိဆန္ဒသဘောထားကို ငြိမ်းချမ်းစွာ ဖော်ထုတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

ထိုနည်းတူ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ ကျန်းမာရေးဝန်ထမ်းများသည် လည်း စစ်အာဏာရှင် လက်အောက်တွင် အလုပ်မလုပ်လိုကြောင်း၊ စစ်တပ်မှ အာဏာသိမ်းခြင်းကို ကန့်ကွက်ကြောင်း မြန်မာပြည်အနှံ့ ကန့်ကွက် ဆန္ဒပြမှု ထွက်ပေါ်သည်။

မြန်မာပြည်သူပြည်သားများအနေဖြင့် စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်မှုကို နည်းမျိုးစုံ အသုံးပြုက ငြိမ်းအေးစွာ ဖြင့် ပြုလုပ်ကြသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...