ဦးခင်မောင်ဦး(ခ)ဘူးရယ် က KySDP ကနေ နုတ်ထွက်ထားသူဟုကြေညာချက်ထုတ်ပြန်

ဦးခင်မောင်ဦး(ခ)ဘူးရယ် က KySDP ကနေ နုတ်ထွက်ထားသူဟုကြေညာချက်ထုတ်ပြန်

မြန်မာ့တပ်မတော်က အာဏာသိမ်းပြီး ဒုတိယနေ့မှာ ကယားပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဉက္ကဌအဖြစ် ခန့်အပ်လိုက်တဲ့ ဦးခင်မောင်ဦး(ခ) ဘူးရယ်ဟာဆိုရင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KySDPကနေ နုတ်ထွက်ထားပြီးသူဖြစ်ကြောင်း ပါတီကထုတ်ပြန်လိုက်ပါတယ်။

တပ်မတော် အနေနဲ့ အာဏာသိမ်းပြီး နောက် တစ်ရက်မှာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီရဲ့ ဖွဲ့စည်းပုံ အခြေခံ ဉပဒေ ပုဒ်မ ၄၁၉ အရ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဉက္ကဌများ ခန့်အပ်တာဝန်ပေးအပ်လိုက်တာပါ။

သူဟာ ၂၀၁၀-၂၀၁၅ခုနှစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) လက်ထက် မှာ ကယားပြည်နယ် ဝန်ကြီးချုပ်ဖြစ်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။

ဦး ခင်မောင်ဦးက ယခင် ၂၀၁၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေး ကောက်ပွဲမှာ ( USDP ) ပါတီ ကိုယ်စားပြုပြီး ဘောလခဲမြို့နယ် ပြည်နယ် လွှတ်တော် မဲဆန္ဒ နယ် အမှတ် ( ၁ ) ကနေ ဝင် ရောက်ရွေးချယ် အနိုင်ရပြီး ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ရွေးချယ်တင်မြောက်ခံရသူ ဖြစ် ပါတယ်။

၂၀၁၅မှာတော့ USDP ပါတီကနေ နှုတ်ထွက်ပြီး တသီးပုဂ္ဂလ အနေနဲ့ပြန်လည်ဝင်ပြိုင်ခဲ့သော်လည်း အနိုင်မရခဲ့သူပါ။ မကြာခင်က ကျင်းပခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(KySDP)ကနေ လွိုင်ကော် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂) မှာ ပြန်လည်ယှဉ်ပြိုင်ခဲ့ ပေမယ့် အနိုင်မရခဲ့သူလည်းဖြစ်ပါတယ်။

ဦးခင်မောင်ဦးကတော့ လွိုင်ကော် ဇာတိ ကယားတိုင်းရင်းသား ဖြစ်ပါတယ်။ စစ်တက္ကသိုလ် ဗိုလ်လောင်း သင် တန်း အမှတ်စဉ် (၁၄) တက်ရောက်ခဲ့ပြီး သိပ္ပံဘွဲ့ ရရှိခဲ့သလို တပ်မတော် လေ တွင် တိုက် လေယာဉ် မှူး တာဝန်ဖြင့် ဒုတိယ ဗိုလ်မှူးကြီး အဆင့် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...