ပြန်လွှတ်ပေးရေးကို မသိရသေးပေမဲ့ လက်ရှိ အဆင်ပြေနေသေးကြောင်း ကယားပြည်နယ် ကိုယ်စားလှယ်တွေ ပြော

ပြန်လွှတ်ပေးရေးကို မသိရသေးပေမဲ့ လက်ရှိ အဆင်ပြေနေသေးကြောင်း ကယားပြည်နယ် ကိုယ်စားလှယ်တွေ ပြော
Photo credit: ဖရူဆိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုဒီးဒီး
Photo credit: ဖရူဆိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုဒီးဒီး

နေပြည်တော်စည်ပင်ရိပ်သာမှာ ထိန်းသိမ်းခံရထားတဲ့ ကိုယ်စားလှယ်တွေကို ဘယ်အချိန်မှာ ပြန်လွှတ်ပေးမယ်ဆိုတာမျိုးကို မသိရသေးပေမဲ့ လက်ရှိ နေထိုင်နေတဲ့ အဆောင်မှာ ပုံမှန်အတိုင်း နေထိုင်နေကြောင်း ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ ဖရူဆိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုဒီးဒီးက ပြောပါတယ်။

“နေရထိုင်ရတာတော့ ပုံမှန်ပါပဲ။ ဒီမှာ အဆောင်မှာပဲနေကြတာ။ လျှောက်သွားလို့ရတယ်။ ခြံထဲမှာတော့။ အပြင်ကတော့ ထွက်လို့မရဘူး။”လို့ ကိုဒီးဒီက ပြောပါတယ်။

အာဏာသိမ်းတဲ့ရက်ကစပြီး ကိုယ်စားလှယ်တွေနေတဲ့ အဆောင်ကို စစ်သားတွေရောက်လာတဲ့အပြင် လုံခြုံရေးကင်းလှည့်နေတဲ့ရဲတွေ ပိုပြီးတော့ များလာတာကို တွေ့နေရတယ်လို့ ကိုဒီးဒီးက ပြောပါတယ်။

“လုံခြုံရေးကတော့ သူ့ကိုယ်သူရှိနေတာပေါ့။ ကျနော်တို့အဆောင်ဝိုင်းထဲကိုတော့ လာပြီးတော့မှ တစ်ခြားထူးထူးခြားခြားတော့ မရှိပါဘူး”လို့ ဖရူဆိုမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စောအားလ်ဒိုက ပြောပါတယ်။

ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော်ကို တက်ရောက်ဖို့ အတွက် ကယားပြည်နယ်က အနိုင်ရ ကိုယ်စားလှယ်တွေဟာ ၂၀၂၁ ဇန်နဝါရီ ၂၄ ရက်နေ့ ကတည်းက နေပြည်တော်ကို ရောက်ရှိနေတာဖြစ်ပါတယ်။

ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...