အစိုးရဌာနဆိုင်ရာတွေကနေ (၂.၂) ဘီလီယံကျော်အသုံးပြုဖို့ ထပ်မံတောင်းဆို

အစိုးရဌာနဆိုင်ရာတွေကနေ (၂.၂) ဘီလီယံကျော်အသုံးပြုဖို့ ထပ်မံတောင်းဆို

အစိုးရဌာနဆိုင်ရာတွေကနေ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်းအသုံးစရိတ်တွေကို (၂.၂)ဘီလီယံကျော် တင်ပြတောင်းဆိုလိုက်ပါတယ်။

ကယားပြည်နယ်ရဲ့ ၂၀၂၀-၂၁ခု ဘဏ္ဍာနှစ်အတွက် ဌာနဆိုင်ရာအားလုံးအတွက် ခန့်မှန်းခြေအသုံးစရိတ်က (၈၈) ဘီလီယံဖြစ်ပြီး ယခုဖြည့်စွက်ခွင့်ပြုငွေ (၂.၂) ဘီလီယံထပ်မံရရှိဖို့ ပြည်နယ်ရဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးမော်မော်က ဒီကနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ ကျင်းပတဲ့ ပြည်နယ်လွှတ်တော်မှာ အဆိုတင်သွင်းလိုက်တာဖြစ်ပါတယ်။

ထပ်မံတောင်းဆိုတဲ့ဖြည့်စွက်ငွေက ၂.၂ ဘီလီယံ (သို့မဟုတ်) ကျပ်သန်းပေါင်းကတော ၂၂၈၈.၃၁၇သန်း ဖြစ်ပါတယ်။

ဖြည့်စွက်ခွင့်ပြုငွေထပ်မံတောင်းခံလာတဲ့ဌာနကတော့ ပြည်နယ်စာရင်းစစ်ချုပ်ရုံးက ကျပ်သန်းပေါင်း (၂.၃၃၆)၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကျပ်သန်းပေါင်း(၁၅၉.၉၁၇)၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနက ကျပ်သန်းပေါင်း(၆၆.၀၂၆)၊ ပြည်နယ် စည်ပင်သာယာရေးအဖွဲ့က ကျပ်သန်းပေါင်း (၂၀၃.၄၅၄)၊ ပြည်နယ်အစိုးရရဲ့ ခေါင်းစဉ်အောက်က ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးက ကျပ်သန်းပေါင်း(၆၃၁.၁၅၉)၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျပ်သန်းပေါင်း(၃၄.၀၇၀) ၊ ပြည်နယ်မီးသတ်ဦးစီးဌာနက ကျပ်သန်းပေါင်း (၂၆.၆၁၅)၊ ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနက ကျပ်သန်းပေါင်း(၉.၂၇၆) ၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနကက ကျပ်သန်းပေါင်း (၉၈.၂၁၂) ၊ ပြည်နယ်လမ်းဦးစီးဌာနက ကျပ်သန်းပေါင်း(၂၈.၀၀၀) ၊ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျပ်သန်းပေါင်း ( ၅၄၇.၄၉၃) တို့ဖြစ်ကြပါတယ်။

အခုလို ဝန်ကြီးဦးမော်မော် တင်ပြလာတဲ့အပေါ်မှာတော့ ဘတ်ဂျက်တွေကို တင်ပြတောင်းဆိုတဲ့အခါမှာ နှံ့နှံ့ စပ်စပ်လေ့လာကြဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြန်ဌာန်းထားတဲ့ ဇယား (၂) ၊ ဇယား(၅)ကို သိရှိနားလည်ဖို့ ၊ ဖက်ဒရယ်ဒီမိုကရေစီနစ်ကို အောင်မြင်အောင်တည်ဆောက်နိုင်ဖို့ ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြန်လည်ဆွေးနွေးထောက်ပြသွားခဲ့ပါတယ်။

“ဘတ်ဂျက်တွေမလိုအပ်ဘဲ ထပ်တလဲလဲတောင်းနေတယ်ဆိုလို့ရှိရင် ပြည်နယ်ရန်ပုံငွေက တအားနစ်နာဆုံးရှုံးတယ်။ ဒါကို ဌာနဆိုင်ရာအကြီးအကဲတွေနဲ့ စာရင်းစစ်တွေ ထိထိရောက်ရောက် စစ်စေချင်တယ်ပေါ့နော။” လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။

ဒီကနေ့ တင်ပြသွားတဲ့ ဖြည့်စွက်ခွင့်ပြုဖို့ ရန်ပုံငွေကို ဆွေးနွေးလိုတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ရှိမယ်ဆိုရင် အမည်စာရင်းပေးပြီး မနက်ဖြန် ဇန်နဝါရီလ ၂၇ ရက်နေ့မှာ အတည်ပြု ဆွေးနွေးသွားကြဖို့ ရှိပါတယ်။

ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...