လယ်ယာမြေကို အကွက်ရိုက်ရောင်းချနေမှုတွေနဲ့ ပုံစံ ၇ ကို ဥပဒေနဲ့အညီမဟုတ်ပဲ ထုတ်ပေးသူ ဝန်ထမ်းများကို အရေးယူမည်

လယ်ယာမြေကို အကွက်ရိုက်ရောင်းချနေမှုတွေနဲ့ ပုံစံ ၇ ကို ဥပဒေနဲ့အညီမဟုတ်ပဲ ထုတ်ပေးသူ ဝန်ထမ်းများကို အရေးယူမည်

မီမြာ — လွိုင်ကော်မြို့အတွင်းမှာ ပုံစံ(၇) ရရှိပြီးဖြစ်တဲ့ တချို့သော လယ်ယာမြေတွေကို အကွက်ရိုက်ရောင်းချနေတာတွေနဲ့ ဥပဒေနဲ့ မညီပဲ ပုံစံ ၇ ထုတ်ပေးတဲ့ ဝန်ထမ်းတွေစိစစ်ပြီး အရေးယူသွားမယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်ပြောပါတယ်။

ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ မှာ ကျင်းပတဲ့ ကယားပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦး လွိုင်ကော်မြို့နယ်အတွင်း လယ်ယာမြေတွေကို အကွက်ရိုက် ရောင်းချနေတာတွေနဲ့ ပတ်သက်ပြီး ဘယ်လိုအရေးယူဖို့ရှိသလဲဆိုတဲ့ မေးမြန်းချက်ကို ဝန်ကြီးဦးမော်မော်က အခုလိုဖြေကြားခဲ့တာ ဖြစ်ပါတယ်။

“လွိုင်ကော် ခရိုင် အတွင်း လယ်ယာမြေများပေါ်မှာ ခွင့်ပြုချက်မရှိဘဲ အကွက်ရိုက် ရောင်းချမှုတွေ ကျူးကျော် နေထိုင်မှုတွေနဲ့ ပတ်သက်ပြီးတော့ တတိယအကြိမ် သတိပေးတားမြစ်စာ ထုတ်ပြန်ပြီး သတ်မှတ်ထားတဲ့ရက်မတိုင်မီ ခြံစည်းရိုးတိုင်တွေ ဖြုတ်ခြင်း နေအိမ်ဆောက်လုပ်မှု များဖျက်သိမ်းခြင်း မရှိဘူးဆိုရင် လယ်ယာမြေ ဉပဒေ ပုဒ်မ ၁၉ အရ လယ်ယာမြေ နည်း ဉပဒေများနဲ့ အညီ စုံစမ်း စစ်ဆေးပြီး လယ်ယာမြေ စီမံခန့်ခွဲမှု အောက်မှာ ဖော်ပြတဲ့ အမိန့်ထဲက ဖြစ်စေ တစ်ရပ်ထက်ပိုပြီးတော့ ဖြစ်စေ ချမှတ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ “ လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က ပြောပါတယ်။

လွိုင်ကော်မြို့ ထေးသမရပ်ကွက်၊ ဒေါမူကလား ကျေးရွာ သွားတဲ့ လမ်းဘေး အိမ် လယ်ယာမြေတွေ၊ နန်းကွတ် ရပ်ကွက်၊ ရေနီကန်၊ ကယန်းသာယာတောင် စတဲ့ ကျေးရွာတွေနဲ့ လွိုင်ကော်မြို့နယ်တွင်းရှိ နိုးကူး ကျေးရွာ အုပ်စု ၊ လောပိတမြို့၊ ,ချိကယ် ကျေးရွာ အုပ်စု၊ ပန်းကန်းကျေးရွာ အုပ်စု၊ ကုန်းသာ ကျေးရွာ အုပ်စု၊ ပိန်းချစ် ကျေးရွာ အုပ်စု၊ မိုင်းလုံးရပ်ကွက်၊ ဒေါဥခူ ရပ်ကွက် စတဲ့ နေရာတွေမှာလည်း လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့်မရဘဲ ဉပဒေမဲ့ ခြံကွက် ရိုက်ခြင်း ၊ အဆောက်အဦးဆောက် လုပ်ခြင်းများ ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ လယ်ယာမြေ အကွက်ရိုက် ရောင်းချမှုတွေ၊ ကျူးကျော်နေထိုင်မှုတွေနဲ့ ပတ်သက်ပြီး တားမြစ်စာ ၂ ကြိမ်ထုတ်ပြန်ပြီးသွားပြီဖြစ်ပါတယ်။ ၃ကြိမ်မြောက် ထုတ်ပြန်ပြီးတဲ့အချိန်မှာ နေရာကနေ မဖယ်ပေးရင် အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဦးမော်မော်ကပြောပါတယ်။

“တကယ်ထိထိရောက်ရောက်လုပ်မှ စံပြနမူနာလုပ်မှ တိုးတက်မှာ။ စံပြနမူနာမလုပ်ဘူးဆိုရင် ဘယ်တော့မှ တိုးတက်မှာမဟုတ်ဘူး။ ကျတော်တို့အမြင်ပေါ့နော ဘယ်သူ့ဖက်မှာ လိုက်နေတာမဟုတ်ဘူး။ ဒီဝန်ထမ်းတစ်ယောက်က ခြစားလာဘ်စားနေတဲ့ဟာကို အထက်လူကြီးတွေက ဖိစရာဖုံးစရာမလိုဘူး။ အမှန်မှာ ထိထိရောက်ရောက် ရေရှည် ပြည်သူအားကိုးတဲ့အစိုးရပေါ့နော ပြည်သူကဘယ်လောက်ပဲအားကိုးကိုး အစိုးရကမဆောင်ရွက်ပေးနိုင်ဘူးဆိုရင် အလကားဖြစ်မှာပဲလေ” လို့ မေးခွန်းမေးမြန်းသူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးကပြောပါတယ်။

အရေးယူဆောင်ရွက်နိုင်တဲ့ ဉပဒေတွေကတော့ လယ်ယာမြေ ဉပဒေ ပုဒ်မ ၁၉ အရ သတ်မှတ်တဲ့ ဒဏ်ကြေးငွေ ဆောင်စေခြင်း ၊ သတ်မှတ်တဲ့ နည်းလမ်းအတိုင်း လယ်ယာမြေကို ဆောင်ရွက်စေခြင်း၊ လယ်ယာမြေပေါ်မှ နှင်ထုတ်ထိုက်သူတွေကို နှင်ထုတ်ခြင်း ၊ လယ်ယာမြေ ပေါ်မှာ ခွင့်မပြုဘဲ ဆောက်လုပ်ထားတဲ့ အဆောက်အဦးတွေကို ဖယ်ရှားခြင်းတို့ ဖြစ်ပါတယ်။

လယ်ယာ မြေဉပဒေပုဒ်မ (၁၉) ပါ စီမံခန့်ခွဲ ရေးအဖွဲ့ အမိန်ံ့ကို မလိုက်နာဘူး ဆိုလို့ရှိရင် နောက်ထပ် ပုဒ်မ ၂၀ အရ သက်ဆိုင်ရာ တရားရုံးကို ဦးတိုက် လျောက်ထားပြီးတော့ တရားစွဲဆို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်ကဆိုပါတယ်။

ဒါ့အပြင် ဥပဒေနဲ့ညီမဟုတ်ဘဲ ပုံစံ(၇)တွေကို ခွဲခြားစိတ်ဖြာ ထုတ်ပေးနေမှုတွေကို စီစစ် ပြီးတော့ ဥပဒေမဲ့ ဆောင်ရွက်တဲ့ ဝန်ထမ်းတွေရှိတယ်ဆိုရင်လည်း နိုင်ငံဝန်ထမ်း ဥပဒေ နည်းဥပဒေနဲ့ အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“ဥပဒေ လက်တစ်လုံးခြား ပြုလုပ်ပြီးတော့ ချိုးဖောက်နေမှုတွေကို လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ အဆင့်ဆင့်နဲ့ စီစစ်ပြီးတော့ ဥပဒေ နဲ့အညီ အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်ကြောင်းနဲ့ ဥပဒေနဲ့ အညီတရားဝင်ရောင်းချခြင်း ပေါင် နှံခြင်း ငှားရမ်းခြင်း လဲလှယ်ခြင်းပေးကမ်းခြင်း အမွေဆက်ခံခြင်းတို့မှအပ ဥပဒေနဲ့အညီမဟုတ်ဘဲ ပုံစံ၇တွေကို ခွဲခြားစိတ်ဖြာ ထုတ်ပေးနေမှုတွေကို စီစစ် ပြီးတော့ ဥပဒေမဲ့ ဆောင်ရွက်တဲ့ ဝန်ထမ်းတွေရှိတယ်ဆိုရင်လည်း နိုင်ငံဝန်ထမ်း ဉပဒေ နည်းဉပဒေနဲ့ အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း” လို့ ဝန်ကြီး ဦးမော်မော်က လွှတ်တော်မှာ ဖြေကြားခဲ့ပါတယ်။

လယ်ယာမြေတွေကို အကွက်ရိုက်ရောင်းချနေတာတွေနဲ့ ပတ်သက်ပြီးတော့ ဥပဒေ လုပ်ထုံး လုပ်နည်းနဲ့ အညီ တရားစွဲဆိုနိုင်ဖို့အတွက် ခရိုင် မြို့နယ် အုပ်ချုပ်ရေးမှူးတွေရဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၆)ရက်နေ့မှာ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...