တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ၉ ရက်တွင် ကျင်းပမည်

တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ၉ ရက်တွင် ကျင်းပမည်

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တဲ့ တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေးကို လာမယ့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ကျင်းပသွားမယ်လို့ ကယားပြည်နယ်လွှတ်တော်ရုံးက ထုတ်ပြန်လိုက်ပါတယ်။

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်ဥက္ကဌက တတိယအကြိမ် လွှတ်တော်အစည်းအဝေးကို တာဝန်ယူခေါ်ယူကျင်းပတာဖြစ်ပါတယ်။

နည်းဥပဒေ၊ ဥပဒေအရ ဒီအစည်းအဝေးကို တက်ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထဲက လွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌ ရွေးချယ်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်တွေ ကျမ်းသစ္စာကျိန်ဆိုခြင်းတို့ကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။

“ဥပဒေအတိုင်း လုပ်ထုံးလုပ်နည်းအတိုင်းပဲ ၉ ရက်ခေါ်ပေးရတာလေ။ ဆရာတို့နောက်ဆုံး အစည်းအဝေးက ၂၆ ရက်နေ့။ ၉ ရက်က ပိုအရေးကြီးတယ်။ ဘယ်သူဥက္ကဌဖြစ်မယ်၊ ဘယ်သူ ဒုတိယဥက္ကဌဖြစ်မယ်ဆိုတာလေ။ ပထမဆုံး သဘာပတိတစ်ဦးကို အရင်ရွေးမယ် လျှောက်လွှာတွေဖြည့်ပြီးတော့ အခုတော့ အရင်လို ဆရာတို့ပါတီတစ်ခုထဲနိုင်ထားတာမဟုတ်ဘူးလေ။ ဘယ်သူက ဥက္ကဌလုပ် ဘယ်သူက ဒု-ဥက္ကဌလုပ်ဆိုပြီး ဗဟိုကခိုင်းတဲ့အတိုင်းလုပ်ရတာ။ ဒီတစ်ခေါက်ကျတော့ ကိုယ့်ကိုလျှောက်လွှာတင်ပြီးတော့မှ မဲထည့်ရမယ်ထင်တယ်။ စိတ်ဝင်စားစရာတော့ကောင်းတယ်” လို့ လက်ရှိ ကယားပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဦးတင်မြင့်ကပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပပြီးစီးတဲ့နေ့မှ ရက်ပေါင်း ၉၀ အတွင်း လွှတ်တော်အစည်းအဝေးကို ကျင်းပပြုလုပ်ရမှာဖြစ်ပြီး ပြည်သူ့လွှတ်တော်အစည်းအဝေး ကျင်းပတဲ့ရက်မှ ၁၅ ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အစည်းအဝေးများကိုကျင်းပပြုလုပ်ရပါမယ်။

လက်ရှိ ဒုတိယအကြိမ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တတိယအကြိမ် ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့ အလွတ်သဘောမိတ်ဆက်ပွဲကို တစ်ကြိမ်ပြုလုပ်ခဲ့ပြီး ထပ်မံတွေ့ဆုံမှုပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

“အတိအကျတော့မသိသေးဘူး ရှိတယ်လို့တော့ကြားတယ်။ အဓိက လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ကိုယ်စားလှယ်တွေက ကျွန်တော်တို့ကို ဥပဒေတို့၊ နည်းဥပဒေတို့ လွှတ်တော်ထဲမှာ ဘယ်လိုဆောင်ရွက်ရတယ်ဆိုတဲ့အကြောင်းတွေ အပြန်အလှန်ဆွေးနွေးတာ လက်ဆင့်ကမ်းတာမျိုးတွေ အစီအစဉ်ထဲပါမယ်ထင်တယ်” လို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးမိုင်ကယ်ဘိုးရယ်က ပြောပါတယ်။

ကယားပြည်နယ်လွှတ်တော်ကို ကယားပြည်နယ်ရှိ မြို့နယ်ခုနစ်မြို့မှ ရွေးကောက်ခံကိုယ်စားလှယ် ၁၄ ဦး၊ ဗမာတိုင်းရင်းသားရေးရာကိုယ်စားလှယ် တစ်ဦး၊ တပ်မတော်သားကိုယ်စားလှယ် ငါးဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၂၀ ဦးတို့က အစည်းအဝေးတက်ရောက်ခွင့်ရှိကြောင်း သိရပါတယ်။

ရွေးကောက်ခံကိုယ်စားလှယ် ၁၅ ဦးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၉ ဦး၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက ၃ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၃ ဦး တို့ဖြစ်ပါတယ်။

ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...