ကိုဗစ်ကာလ စာသင်ကျောင်းတွေကို ဖွင့်လှစ်နိုင်ဖို့အတွက် ကြိုတင်စစ်ဆေးမှုပြုလုပ်နေ

ကိုဗစ်ကာလ စာသင်ကျောင်းတွေကို ဖွင့်လှစ်နိုင်ဖို့အတွက် ကြိုတင်စစ်ဆေးမှုပြုလုပ်နေ

ဦးမြာ — ကိုဗစ်ရောဂါဖြစ်ပွားနေတဲ့ အတောအတွင်း စာသင်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်သွားနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနကနေ စာသင်ကျောင်းတွေကို လိုက်လံစစ်ဆေးမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။

စာသင်ကျောင်းတွေအတွက် ထုတ်ပြန်ထားတဲ့ ကိုဗစ်ကာလအတွင်း လိုက်နာရမယ့် စည်းကမ်းချက် အချက် ၈၀ နဲ့ ကိုက်ညီမှုရှိမရှိကို စစ်ဆေးတာဖြစ်ပါတယ်။

လတ်တလောမှာတော့ စာသင်ကျောင်းတွေရဲ့ ၅၀ ရာခိုင်နှုန်းကို စစ်ဆေးပြီးဖြစ်တယ်လို့ လွိုင်ကော်မြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးဆူးရယ်ကပြောပါတယ်။

“ အဲ့ဒီအချက်တွေတော့ ကျနော်တို့ လိုက်ပြီးတော့ Check List တော့မလုပ်ရသေးဘူး။ လောလောဆယ်တော့ ကျောင်းပြန်ဖွင့်မယ်ဆိုရင် သူတို့ညွှန်ကြားတဲ့ အချက် ၈၀ ရှိတာပေါ့နော။ အဲ့ဒီအချက်၈၀ ပြည့်မှီအောင် ကြိုတင်ပြင်ဆင်ထားဖို့ အဲ့လိုမျိုးလိုက်ညွှန်ကြားထားတာပေါ့နော။”လို့ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဆူးရယ်ကပြောပါတယ်။

စာသင်ကျောင်းတွေကို တစ်ပြိုင်နက် မဖွင့်ဘဲ ရောဂါဖြစ်ပွားမှုနည်းတဲ့ မြို့နယ်တွေ၊ လူဦးရေနည်းတဲ့နေရာတွေ၊ ရွှေ့ပြောင်းနေထိုင်သူနည်းတဲ့နေရာတွေကစပြီး အဆင့်လိုက် စတင်ဖွင့်လှစ်ဖို့ ဆိုတဲ့ အကဲဖြတ်ဆန်းစစ်မှုပုံစံ(Check List) တွေနဲ့ ဖွင့်ဖို့ ၊မဖွင့်ဖို့ကို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

ဒါအပြင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ အဆုံးအဖြတ် ကိုလည်းရယူမယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့က စာသင်ကျောင်းတွေပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် အခြေခံပညာဦးစီးဌာနကနေပြီးတော့ ပညာရေးဝန်းကြီးဌာနနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

တွေဆုံမှုအရ ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ပြီး အထက်တန်းကျောင်းတွေကို အရင်ဖွင့်လှစ်ဖို့ သဘောတူထားပေမယ့် ဘယ်အချိန်ဖွင့်လှစ်မှာလဲဆိုတာကိုတော့ မသိရသေးပါဘူး။

ကယားပြည်နယ်မှာ အထက်တန်းကျောင်းနဲ့ ကျောင်းခွဲ စုစုပေါင်း ၅၆ကျောင်းသာရှိပါတယ်။

ပြီးခဲ့တဲ့ နှစ် ဇူလိုင်လ ၂၁ ရက်နေ့က Check List အချက်၈၀ နဲ့ ကိုက်ညီတဲ့ (A) အဆင့်ရ ကယားပြည်နယ်အတွင်းက အထက်တန်းကျောင်း ၁၈ကျောင်းကို ဖွင့်လှစ်ခဲ့ပေမဲ့ ကိုဗစ်ကူးစက်မှုအခြေအနေကြောင့် တစ်လအတွင်း ပြန်ပိတ်ခဲ့ရပါတယ်။

ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...