ကိုဗစ်ကာလမှာ ဆယ်ကျော်သက်တွေအတွက် ကွန်ပျူတာသင်တန်းတွေ ဖွင့်လှစ်သင်ကြားပေး

ကိုဗစ်ကာလမှာ ဆယ်ကျော်သက်တွေအတွက် ကွန်ပျူတာသင်တန်းတွေ ဖွင့်လှစ်သင်ကြားပေး

စေးရှာဖော - ကိုဗစ်ကာလ ဆယ်ကျော်သက်ကလေးတွေအတွက် ရည်ရွယ်ပြီး လူထု လေ့လာသင်ကြားရေး အစီအစဉ်တခုကို ဒီးမော့ဆိုမြို့နယ် ဒေါလျားခူကျေးရွာမှာ ဖွင့်လှစ်ထားပါတယ်။

ဒီသင်တန်းမှာ ကွန်ပြူတာအပြင် အင်္ဂလိပ်စာ၊ ကလေးအခွင့်အရေး ၊ လူကုန်ကူးမှု စတာတွေကို ထည့်သွင်းသင်ကြားပေးတယ်လို့ဆိုပါတယ်။

“အဲ့ဒီမှာ ကျန်နော်က အဓိက အဲ့ဒီကလေးတွေအနေနဲ့ပေါ့နော် အချိန်ကိုအကျိုးရှိရှိအသုံးချနိုင်ဖို့ နောက်ခေတ်ရေစီးကြောင်းနဲ့အညီ လက်လှမ်းမီနိုင်ဖို့ပေါ့ အဓိကဒီ ကွန်ပျူတာကိုကောင်းကောင်းသုံးတတ်ဖို့ နောက်အင်္ဂလိပ်စာနဲ့ပတ်သက်ပြီး တော့မှ ပြောတတ်နိုင်ဖို့ပေါ့နော် ပြီးလိုရှိရင်စောနပြောသလိုမိဘတွေကနေ ဒီအဆူအငေါက်တွေမခံရအောင်ဖို့ စသဖြင့်ပြီးနောက်တစ်ခု ဒီကလေးစိတ်ထွက်ပေါက်ရအောင်ပေါ့နော် ဒီကို ဗစ်ကာလမှာအိမ်မာနေတာ အရမ်းမွမ်းကြပ်တဲ့ခါကြတော့ စိတ်ထွက်ပေါက်တွေရမယ်လို့ ကျန်နော်ကယုံ ကြည်တယ် ဒါကြောင့်မို့ဒီProgram လေးကို လုပ်ရခြင်းဖြစ်တယ်ပေါ့နော်..” လို့ သင်တန်းကို ဖွင့်လှစ်သင်ကြားပေးတဲ့ သင်တန်းဆရာ ခူးမီရယ်ကပြောပါတယ်။

ကလေးတွေအတွက် ရည်ရွယ်ဖွင့်လှစ်ထားတဲ့ ဒီသင်တန်းကို မိဘတွေက အားပေးထောက်ခံမှုတွေများနေသလို တက်ရောက် သင်ယူလိုတဲ့ ကလေးတွေလည်း များတယ်လို့ သင်တန်းဆရာကပြောပါတယ်။

သင်တန်းတက်ရောက်နေတဲ့ မလိမြာက “ ကွန်ပျူတာသင်တန်းတက်တာကလည်း စိတ်ဝင်စားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကိုတိုင်ကလည်း အရမ်းတက်ချင်လို့ ဖြစ်ပါတယ်။ သင်တဲ့ထဲမှာ အရေးကြီးဆုံးသင်ပေးထားတာကတော့ စာစဉ်စာရိုက်ပေါနော်။ ကွန်ပျူတာတက်တဲ့အပြင် တစ်ခြား English Speaking လည်း ထပ်တက်ချင်သေးတယ်ပေါနော်ံ၊၊” လို့ ပြောပါတယ်။

ကိုဗစ် ကပ်ရောဂါကြောင့် လူစုလူဝေးမဖြစ်ဖို့ သင်တန်းကိုလည်း လူအကန့်အသတ်နဲ့ သတ်မှတ်ထားတယ်လို့ သိရပါတယ်၊၊

သင်တန်းချိန်တစ်ချိန်ကို ၆ ယောက် ဒါမှမဟုတ် ၈ ယောက် သာသင်ကြားပေးတဲ့အပြင် တစ်ရက်ကို ၃ ချိန်ပိုင်းပြီးတော့ သင်ကြားပေးတာဖြစ်ပြီး သင်တန်းကြေး ကျပ် ၂၀၀၀၀ ဖြစ်တယ်လို့ သိရပါတယ်။

သင်တန်း အပတ်စဉ် ၁ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာကနေ ဒီဇင်ဘာလကုန်ထိ ဖွင့်ပြီးသွားပြီ ဖြစ်ပြီး အခုလက်ရှိ အပတ်စဉ် ၂ သင်တန်းကတော့ ၂၀၂၁ ဇန်နဝါရီကနေ ဖေဖော်ဝါရီ လကုန် ထိ ဖွင့်လှစ်နေတာလည်းဖြစ်ပါတယ်။

ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...