NLD ပါတီမှ ကယားအခြေစိုက်ပါတီနဲ့တွေ့ဆုံရန် အကြောင်းမကြားသေး

NLD ပါတီမှ ကယားအခြေစိုက်ပါတီနဲ့တွေ့ဆုံရန် အကြောင်းမကြားသေး

နော်ဒွေးအယ်ခူ — အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့ ကယားပြည်နယ်အခြေစိုက်တိုင်းရင်းသားပါတီဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) နဲ့ တွေ့ဆုံရန် အကြောင်းမကြားသေးဘူးလို့ ပါတီအတွင်းရေးမှူး ဦးသဲရယ်က ပြောပါတယ်။

“ကျွန်တော်တို့ KySDP နဲ့ NLD တွေ့ဆုံမယ့်ကိစ္စကတော့ တိတိကျကျမဖြေတော့မထွက်လာသေးဘူး။ ကျွန်တော်တို့က ပါတီအနေနဲ့တွေ့ဖို့ပေါ့။ အနိုင်ရကိုယ်စားလှယ်နဲ့ပဲတွေ့မယ်ဆိုရင်တော့ ပါတီကနေပြီးတော့ ခွင့်ပြုမှာမဟုတ်ဘူးပေါ့။ ကိုယ်စားလှယ်ကပါတီကိုယ်စားပြုရမှာဖြစ်သလို မဲထည့်ခဲ့တဲ့ပြည်သူ အနေနဲ့ကိုယ်စားပြုမှာဖြစ်တဲ့အတွက် အနိုင်ရကိုယ်စားလှယ်ကသီးသန့်သွားတွေ့တာမျိုးတော့ ပါတီကခွင့်ပြုမှာ မဟုတ်ဘူး။ ပါတီရဲ့ ဆုံးဖြတ်ချက်အရဆိုရင် ပါတီနဲ့တွေ့ပြီး ပါတီနဲ့မတွေ့ဘူးဆိုရင်တော့ တွေ့စရာအကြောင်း မရှိဘူးလို့ ဆုံးဖြတ်ချက်ချထားပါတယ်။ တကယ်လို့ သူတို့နဲ့တွေ့ဖြစ်ခဲ့မယ်ဆိုရင် ဘာတွေဆွေးနွေးရမလဲဆိုတာ ဆွေးနွေးပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် ဒီအကြောင်းအရာအသေးစိတ်တော့ ပြောလို့မရဘူးပေါ့နော်”လို့ ဦးသဲရယ်ကပြောပါတယ်။

တိုင်းရင်းသားပါတီများနဲ့ တွေ့ဆုံရန်အစီအစဉ်ကို အသေးစိတ်မသိရပေမယ့်လည်း အနိုင်ရကိုယ်စားလှယ်များနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့သာ ကြားသိရတဲ့အတွက် တိုင်းရင်းသားအခြေစိုက်ပါတီနဲ့တွေ့ဆုံရန် အစီအစဉ်မရှိတဲ့ပုံစံမျိုးဖြစ်နေတယိလို့ ဦးသဲရယ်က သုံးသပ်ပြောဆိုပါတယ်။

“အနိုင်ရကိုယ်စားလှယ်လို့ပြောသွားတဲ့နေရာမှာလည်း တခြားပါတီကကိုယ်စားလှယ်တွေပါလား မပါဘူးလား ဆိုတာ မပြောဘူး။ နောက်ပြီးတော့ တိုင်းရင်းသားခေါင်းဆောင်တွေဆိုပြီးတော့ ဖြေသွားတာလည်း ဘယ်တိုင်းရင်းသားလဲပေါ့။ တိုင်းရင်းသားပါတီမျိုးလား တခြားသောတိုင်းရင်းသားအဖွဲ့ခေါင်းဆောင် တွေနဲ့တွေ့ မလားပေါ့။ မဟုတ်ရင်လည်း သူတို့ပါတီထဲမှာပါဝင်ခဲ့တဲ့ တိုင်းရင်းသားပါတီဝင်အချို့ကိုပဲပြောတာလားပေါ့။ သူတို့မီဒီယာမှာဖြေကြားသွားတဲ့အပေါ်မှာတော့ တိုင်းရင်းသားပြည်နယ်အခြေစိုက်ပါတီနဲ့တွေ့ဖို့အစီအစဉ်မရှိတဲ့ ပုံစံမျိုးဖြစ်နေတယ်ပေါ့လေ။ ဒီအပေါ်မှာတော့ ဘားမှ မှတ်ချက်ပြုစရာမရှိပါဘူး” ဟု ၎င်းကဆိုပါတယ်။

NLD ပါတီအနေနဲ့ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးမယ့်အစီအစဉ်မှာ ပထမဆုံးအဖြစ် ကချင်ပြည်နယ်အခြေစိုက်တိုင်းရင်းသားပါတီများနဲ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၁ရက်တွင် တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး ဒုတိယအနေဖြင့် မွန်ပြည်နယ်တိုင်းရင်းသားပါတီများနဲ့ ဆက်လက်တွေ့ဆုံဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ကယားပြည်နယ်အခြေစိုက်တိုင်းရင်းသားပါတီဖြစ်တဲ့ KySDP ပါတီနဲ့ မည်သည့်အချိန်မှာ တွေ့ဆုံ ဆွေးနွေးမည်ကို NLD ဗဟိုပြန်ကြားရေးအဖွဲ့မှ မုံရွာအောင်ရှင်ကို ဆက်သွယ်မေးမြန်းကြည့်ရာတွမှာ ၎င်းအ နေဖြင့်မသိရှိကြောင်းသာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

“အဲဒါက ဒေါက်တာအောင်မိုးညိုခေါင်းဆောင်တဲ့ သုံးယောက်အဖွဲ့ပေါ့ သူတို့မှာတော့ အစီအစဉ်ရှိပုံရပါတယ် ကျတော်တို့ကတော့ ဘားမှမသိဘူး အဲဒီကိစ္စကိုလေ ကျတော်ကအဲ့ထဲမှာမပါတော့မသိဘူး ကျတော်က ပြန်ကြားရေးအနေနဲ့ပြောပေးရတဲ့အဆင့်ပဲရှိပါတယ်” လို့ မုံရွာအောင်ရှင်က ပြောပါတယ်။

NLD ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်သုံးဦးဖြစ်တဲ့ မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် နဲ့ ကချင်ပြည်နယ်မြစ်ကြီးနားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆမ်တို့ကို တိုင်းရင်းသားနိုင်ငံရေးပါတီများနဲ့ တွေ့ဆုံဆွေးနွေးရန် ဒီဇင်ဘာလဒုတိယပတ်က ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးအင်ထုံခါးနော်ဆမ်က “ဒေါက်တာအောင်မိုးညိုပဲစီစဉ်တာပါ။ အတိအကျကတော့ ဒေါက်တာအောင်မိုးညိုပဲသိမယ်။ ဒီနေ့တော့ ကချင်ပြည်နယ်မြစ်ကြီးနားကိုရောက်နေပြီ အနိုင်ရတိုင်းရင်းသားပါ တီတွေထဲက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့တွေ့ဖို့ မနက်ဖြန်စီစဉ်တယ်။ သိရသလောက်ကတော့ ဒီကနေပြီးရင် မွန်ဖက်ကိုသွားဖို့ပဲ မွန်တော့သိလိုက်တယ်။ အဲဒီဖက်ကတော့ နောက်မှဖြစ်မယ်ထင်တယ် တဆင့်ပြီးတဆင့်” လို့ ပြောပါတယ်။

ရွေးကောက်ပွဲအပြီး NLD ပါတီမှ နိုဝင်ဘာလ ၁၂ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ “နောင်အနာဂတ်မြန်မာနိုင်ငံ အတွက် ရှေးရှုရမည့်ပြည်ထောင်စုအရေးကိစ္စ”ဟူသည့်ခေါင်းစဉ်ဖြင့် တိုင်ရင်းသားနိုင်ငံရေးပါတီတွေကို စာပေးပို့ခဲ့ပြီး ယင်းစာထဲမှာတိုင်းရင်းသားလူမျိုးစုများ၏ဆန္ဒများကို အလေးထားဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...