လွယ်ယင်းတောင်ခြေသို့ စစ်တပ် စစ်ကြောင်းထိုးပြီး လက်နက်ကြီးနှင့် ဒရုန်းဖြင့် တိုက်ခိုက်

လွယ်ယင်းတောင်ခြေသို့ စစ်တပ် စစ်ကြောင်းထိုးပြီး လက်နက်ကြီးနှင့် ဒရုန်းဖြင့် တိုက်ခိုက်
ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)

ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့် စစ်အုပ်စုတပ် စစ်ကြောင်းထိုးလာပြီး ဒရုန်းဖြင့် ၁၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်း မိုးဗြဲ PDF ထံမှ သိရသည်။

ထိုသို့ မိုးဗြဲ လွယ်ယင်းတောင်ခြေဘက်သို့ စစ်ကြောင်းထိုးလာသည့်အပြင် ဖယ်ခုံ၊ မိုးဗြဲ (၄၂၂)၊ လွိုင် ကော်နှင့် လွိုင်လင်လေး အခြေစိုက် တပ်ရင်းများကလည်း ၆၀ မမ၊ ၈၁ မမနှင့် ၁၂၀ မမ လက်နက် ကြီးများဖြင့် တစ်ရက်အတွင်း အလုံးရေ ၈၀ ထက်မနည်း ပစ်ခတ်ခဲ့သဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ အသေးစား ဒဏ်ရာရရှိခဲ့သည်။

မြေပြင် စစ်ရေးအခြေအနေနှင့် ပတ်သက်၍ တော်လှန်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက “မြေပြင်အခြေအနေ ကတော့ မငြိမ်သေးလို့ အခြေအနေအသေးစိတ်ကတော့ ပြောလို့မရသေးဘူး။ ထပ်စောင့်ကြည့်ရဦးမယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လမှ ဩဂုတ်လအထိ ၃ လအတွင်း မိုးဗြဲ PDF နှင့် မြေပြင်မဟာမိတ် တပ်ဖွဲ့များ ပူးပေါင်း၍ ဇွန်လ ၂၉ ရက်က မြေပြင်တစ်နေရာရှိ စစ်အုပ်စုတပ်၏ ကာကင်းစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက် ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် ဇူလိုင်လ ၇ ရက်နှင့် ၈ ရက်တို့တွင်လည်း မြေပြင်၌ နှစ်ဖက် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်အုပ်စု တပ်ဘက်မှ တပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပြောသည်။

ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲများတွင်လည်း စစ်အုပ်စုဘက်မှ ၁၀ ဦးထက်မနည်း ထပ်မံ သေဆုံးခဲ့ကြောင်း မိုးဗြဲ PDF ၏ ၃ လတာ စစ်ရေးအခြေအနေ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း မိုးဗြဲ PDF နှင့် မဟာမိတ်အဖွဲ့များက ဒရုန်းဖြင့် ပြန်လည်တုံ့ပြန် တိုက်ခိုက် ခဲ့သလို ၃ လတာ ကာလအတွင်း စစ်အုပ်စုတပ်၏ ဒရုန်း ၃ စီးကို ဟန့်တားဖျက်ဆီးနိုင်ခဲ့ကာ ၂ စီးမှာ ပျက်စီးသွား ပြီး ၁ စီးကိုမူ သိမ်းဆည်းရမိခဲ့သည်။

တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည့်အပြင် စစ်အုပ်စုတပ်ဘက်က လက်နက်ကြီးများနှင့် ဒရုန်းများ အသုံးပြုကာ ရမ်းသမ်းပစ်ခတ်နေသဖြင့် သွားလာခွင့် ပိတ်ပင်ထားသည့် လမ်းကြောင်းများအားလုံးကို ဖြတ်သန်းသွားလာခြင်း လုံးဝ မပြုလုပ်ကြရန် မိုးဗြဲ PDF က ထပ်မံတိုက်တွန်းထားသည်။

ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...
Photo - Crd
September 17, 2026
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့ အနောက်ဘက်ခြမ်းတွင် ယနေ့ စက်တင်ဘာ ၁၇ ရက်အထိ စစ်အုပ်စုတပ်က ဒရုန်း...
September 17, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ မိဘမဲ့ဂေဟာအနီးသို့ စစ်အုပ်စုတပ်က စက်တင်ဘာ ၁၆...