မဟာမုနိဘုရားရှေးမူအတိုင်း ဖြစ်ရေး ဆန္ဒထုတ်ဖော်ထုတ်၍ ငြိမ်စုစီပုဒ်မဖြင့် တရားစွဲခံရသူ ၂ ဦးကို (၅) ကြိမ်မြောက် ရုံးတင်စစ်ဆေး

မဟာမုနိဘုရားရှေးမူအတိုင်း ဖြစ်ရေး ဆန္ဒထုတ်ဖော်ထုတ်၍ ငြိမ်စုစီပုဒ်မဖြင့် တရားစွဲခံရသူ ၂ ဦးကို (၅) ကြိမ်မြောက် ရုံးတင်စစ်ဆေး
by -
နိရဥ္စရာ
ကျောက်တော်မြို့နယ်ရှိ ရှေးဟောင်း တန်ခိုးကြီး မဟာမုနိဘုရားအား ရှေးမူအတိုင်း ကိုးကွယ်ရန် ရဲမှ ခွင့်ပြုချက်ယူပြီး ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင် ပါ၀င်သူ နှစ်ဦကို ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့က ငြိမ်စုစီ ပုဒ်မဖြင့် တရားစွဲဆိုထားရာ မတ်လ ၂၈ ရက်နေ့က ကျောက်တော်မြို့နယ် တရားရားရုံးတွင် ရုံးတင် စစ်ဆေး ခဲ့သည်ဟု သတင်းရရှိသည်။

ယခု ရုံးတင် စစ်ဆေးမှုမှာ (၅) ကြိမ်မြောက်ဖြစ်သည်။

အမှုဖွင့် တရားစွဲခံထားရသူနှစ်ဦးမှာ ကျောက်တော်မြို့ မြို့သစ်ရပ်ကွက်နေ ဦးအေးကျော်နှင့် ကျောက်တော်မြို့ရှမ်းရွာရပ် ကွက်နေ ဦးကျော်အေးတို့ဖြစ်ကြပြီး သူတို့ နှစ်ဦးအား တရားစွဲဆိုခြင်းမှာ ခွင့်ပြုချိန်ထက် ကျော်လွန်ပြီး ဆန္ဒဖော်ထုတ်သဖြင့် ကျောက်တော်ရဲက ငြိမ်စုစီ ပုဒ်မ ၂၀ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ကျောက်တော်မြို့နယ်ရဲတပ်ဖွဲ့မှ တရားလိုလုပ်၍ ပုဒ်မ ၂၀ နှင့် အမှုဖွင့် တရားစွဲဆိုထားသော်လည်း ဖေဖော်ဝါရီ ၁၇ ရက်နေ့က ကျောက်တော်မြို့နယ်တရားရုံးတွင် အာမခံ ရရှိခဲ့သည်။

လာမည့် ဧပြီလ ၁၀ ရက်နေ့ကို ထပ်မံ ရုံးချိန်းလိုက်သည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် ခွင့်ပြုချိန်ထက် ကျော်လွန်ပြီး ပြုလုပ်ခဲ့သော ဆန္ဒဖော်ထုတ်ပွဲ အများအပြား ရှိသော်လည်း ရဲတပ်ဖွဲ့က တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိခဲ့ဘဲ ယခု ဆန္ဒဖော်ထုတ်ပွဲကျမှ အရေးယူခြင်းမှာ ဆန္ဒဖော်ထုတ်သူများသည် မဟာမုနိ ဘုရားရုပ်ဆင်းတုတော်တွင် ယခင် စစ်အာဏာပိုင်များ တပ်ဆင်ထားသော မကိုဋ်တော်၊ စလွယ်တော်၊ နားကင်းတော်တို့ ဖြုတ်ချခဲ့၍ အထက်အာဏာပိုင်များ၏ မကျေနပ်ရာမှ တရားစွဲဆိုခံရခြင်း ဖြစ်သည်ဟု ကျောက်တော်မြို့မှ လူမှုရေး လူပ်ရှားနေသူ တစ်ဦးက ပြောသည်။

ဆန္ဒဖော်ထုတ်ပွဲကို ဖေဖော်ဝါရီလ ၅ ရက်နေ့က ပြုလုပ်ခဲ့ပြီး ၎င်းဆန္ဒဖော်ထုတ်ပွဲအတွင်း ရှေးမူအတိုင်း ကိုးကွယ်ရန်ဟု ဆိုကာ မကိုဋ်တော်၊ စလွယ်တော်၊ နားကင်းတော်တို့ ဖြုတ်ချခဲ့ကြသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...