မြောက်ဦးမြို့ပေါ်တွင် လက်နက်ကြီးကျ၍ ကလေးငယ်တစ်ဦးသေဆုံးပြီး ဖခင်ဖြစ်သူအပါအဝင် အမျိုးသမီးတစ်ဦးဒဏ်ရာပြင်းထန်ရ

မြောက်ဦးမြို့ပေါ်တွင် လက်နက်ကြီးကျ၍ ကလေးငယ်တစ်ဦးသေဆုံးပြီး ဖခင်ဖြစ်သူအပါအဝင် အမျိုးသမီးတစ်ဦးဒဏ်ရာပြင်းထန်ရ

အိမ်စိုးဖြူ — ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ထမရာဇ်ရပ်ကွက်စာသင်ကျောင်းအနီးသို့ ယနေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ကလေးငယ်တစ်ဦးသေဆုံးပြီး ဖခင်ဖြစ်သူအပါအဝင် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူကလေးငယ်မှာ မောင်မျိုးအောင်ဌေး(၉)နှစ်ဖြစ်ကာ ဖခင်ဖြစ်သူ ဦးကျန်မြင့်(၄၄)နှစ်နှင့် အိမ်နီးချင်း ဖြစ်သူ ဒေါ်ဦးသန်းယဉ်(၅၁)နှစ်တို့မှာ ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း သေဆုံးသူ ကလေးငယ်၏ မိခင်ဖြစ်သူ ဒေါ်အေးဝင်းကပြောသည်။

“ ဘယ်လိုဖြစ်မှာပါလဲ၊ အိမ်ရှေ့မှာလာကျတာပါ၊ ကျွန်မကလည်း တောင်ကသင်္ဘောဥတူးလို့ ရောက်လို့ သင်္ဘောဥဆေးနေပါတယ်။  အဲဒီမှာ သားအဘနှစ်ယောက် ရှေ့ဆိုင်ထိုင်ပြီး သူ့အဖေ အလုပ်လုပ် နေတာကို ထိုင်ကြည့်နေတဲ့အချိန် သူတို့ကြားကကျပါတယ်။ ကလေးက ပွဲချင်းပြီးသေပါတယ်။ ကျတာနဲ့ ဘာမှမရလိုက်တော့ပါဘူး။ ကလေးနာမည်က မျိုးအောင်ဌေးပါ အသက်က (၉)နှစ်ပါ။ အမျိုးသားက ဆေးရုံမှာပါ။ သတိမရပါ။ လည်ပင်းတစ်ခြမ်း ပါသွားပါတယ်။ အဖေနာမည်က ကျန်မြင့်ပါ။ အလုပ်က ကျပန်းပါ။ ကျွန်မက ဘယ်လိုနေရမလဲဆိုတာ တောင် စဉ်းစားလို့တောင် မရတော့ဘူး။ ဆေးရုံကို နာရေးကားနဲ့ ယူသွားကြပါတယ်။ သူတော်မတောင်က ပစ်တာလားမသိပါဘူး။ အဲဒီဘက်က လာတာပါ။ တစ်ချက်ဘဲ ပစ်ပါတယ်။ ပစ်တဲ့လူတွေကို ဘာပြောရမလဲ ကျွန်မမှာ သားရော ယောကျ်ားရော ဒီလို ဖြစ်သွားတာပါ။ ကျွန်မဘယ်လို ကျေနပ်နိုင်မှာပါလဲ။ ပစ်တဲ့သူတွေကို အရေးယူစေချင်တယ်” ဟု သူမက ပြောသည်။

လက်နက်ကြီးမှာ သူတော်မတောင်(ခ) ငွေတောင်ပေါက်တောင် ဘက်မှပစ်လိုက်ခြင်းဖြစ်ကြောင်း ၊ လက်နက်ကြီး ကျသံကြားသဖြင့် သွားရောက်ကြည့်ခဲ့သည့် မြို့ခံတစ်ဦးကပြောသည်။

“ကလေးအဖေက အခြေအနေမကောင်းဘူး။ တော်တော်များများထိခိုက်သွားတယ်။ လည်ပင်းနဲ့ ခြေထောက်တွေ၊ ပေါင်တွေမှာထိတယ်။ နောက်အမျိုးသမီးက အိမ်နီးချင်းပါ။ သူ့မှာ လက်တွေမှာ ကျည်စထိတယ်။ ဆေးရုံကိုယူသွားပါတယ်” ဟုပြောသည်။

အဆိုပါလက်နက်ကြီးကျည်ကျရောက်မှုနှင့်ပတ်သက်၍ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ကလေးငယ်တစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိခြင်းမှာ ဟုတ်မှန်ကြောင်းပြောသည်။

“လက်နက်ကြီးကျပြီး ကလေးတစ်ယောက်သေတယ်။ လူကြီးနှစ်ယောက်ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ သူတွေအခုဆေးရုံမှာ”ဟုပြောသည်။

August 17, 2026
အာရက္ခတပ်တော် (AA) က ဝိုင်းဝန်းပိတ်ဆို့ထားသော နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးဗျူဟာသို့...
စစ်အုပ်စုတပ်သား (ပုံဟောင်း)
August 17, 2026
ရခိုင်ပြည် (အာရက္ခပြည်)၊ ကျောက်ဖြူစစ်မျက်နှာ နှစ်ခုအနက် အဝတောင်စစ်မျက်နှာတွင် အထိအခိုက် အကျ...
ဓါတ်ပုံ - ပုံဟောင်း
August 15, 2026
မကွေးတိုင်းဒေသကြီး၊ ပဒန်းမြို့၊ ရိုးတောင်ကျော်လမ်းပေါ်ရှိ နတ်ရေကန်သို့ ပို့ဆောင်သော စစ်အုပ်စုတပ်...
ဓါတ်ပုံ - PTC News (စစ်တပ်၏ တိုက်ခိုက်ရေး ဒရုန်းအား တွေ့ရစဉ် - ပုံဟောင်း)
August 13, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့နယ်တို့တွင် နှစ်ဖက်တိုက်ပွဲများ ရပ်တန့်နေသော်လည်း...