နတ်ရေကန်သို့ စစ်ကူလာသည့် စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၆၀ ခန့် သေဆုံး

နတ်ရေကန်သို့ စစ်ကူလာသည့် စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၆၀ ခန့် သေဆုံး

အာရက္ခတပ်တော် (AA) က ဝိုင်းဝန်းပိတ်ဆို့ထားသော နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးဗျူဟာသို့ စစ်ကူတက်လာသည့် စစ်တပ် စစ်ကြောင်းတစ်ခု ကြားဖြတ် တိုက်ခိုက်ခံရသဖြင့် ဗိုလ်အဆင့် အရာရှိများ အပါအဝင် စစ်သား ၆၀ ခန့် သေဆုံးကာ ဒဏ်ရာရသူ အများအပြားဖြင့် နောက်ဆုတ်သွားသည်။

ဩဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက အမ်း-ပဒါန်း လမ်းသစ် ဂုတ်ကြီးကျေးရွာ ဝန်းကျင်သို့ ထိုးစစ်ဆင်လာသည့် အင်အား ၁၈၀ ခန့်ပါ စစ်အုပ်စုတပ် စစ်ကြောင်းကို အာရက္ခတပ်တော်က နေရာကောင်းမှ စောင့်ဆိုင်း၍ ကြား ဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဒေသတွင်း စစ်ရေးသတင်းမြစ်တစ်ခုက "နတ်ရေကန်ဘက်ကို တောင်ပေါ် လမ်းအတိုင်း တက်လာတာပါ။ အင်အား ၁၈၀ လောက်ပါတယ်။ ဂုတ်ကြီးရွာအကျော်မှာ AA ကတခါတည်းဝိုင်းတိုက်လိုက်တာ။တိုက်ပွဲက အရမ်း ပြင်းထန်ခဲ့တယ်။ စစ်တပ်က အယောက် ၆၀ လောက်ကျတယ်လို့ သိရပါတယ်" ဟု ပြောသည်။

တိုက်ပွဲအတွင်း ကျဆုံးသွားသည့် စစ်တပ်ဖွဲ့ဝင် အလောင်း အချို့နှင့် လက်နက်ခဲယမ်းများကို အာရက္ခတပ်တော် က သိမ်းပိုက် ရရှိခဲ့သည်။

စစ်အုပ်စုတပ်သည် ဗိုလ်အဆင့်ရှိသူများ အပါအဝင် စစ်သား အလောင်းအချို့ကို လေကြောင်း ပစ်ကူ၊ စစ်ကြောင်း တပ်ကူများ အသုံးပြု၍ ပြန်လည်ဆွဲထုတ်ကာ မော်တော်ယာဉ် ၂ စီးဖြင့် ပဒါန်းမြို့နယ်၊ ဆုံကုန်းကျေး ရွာ အနီးရှိ မစခ-၉၀၅ သို့ သယ်ဆောင်သွားခဲ့သည်။

အဆိုပါ စစ်ရေးသတင်းမြစ်က "လက်နက်ခဲယမ်းနဲ့ အလောင်းတချို့ကို AA က သိမ်းလို့ရတယ်။ တချို့ လက် နက်တွေ၊ အလောင်းတွေကို စကစပြန်သိမ်းလို့ ရသွားတယ်။ စစ်တပ်က စစ်ကူလိုက်လာပြီး ဆွဲထုတ်တယ်။ လက်နက်ကြီးပစ်ကူ အပါအဝင် လေယဉ်ပစ်ကူပေးပြီး ဆွဲထုတ်သွားခဲ့တယ်" ဟု ဆက် ပြောသည်။

စစ်တပ်သည် နတ်ရေကန်ဗျူဟာကို ထိုးဖောက်နိုင်ရေးအတွက် အင်အား ထောင်ချီ စုဆောင်းထားပြီး ဇင်းပြွန်း လက်နက်ကြီး အထိုင်စခန်းမှသည် လမ်းဟောင်း ပဇီနှင့် လမ်းသစ် ဂုတ်ကြီးကျေးရွာအထိ တပ်ဖြန့်ကာ စစ်ကြောင်းထိုးလာရာ အာရက္ခတပ်တော်က ပထမ ပွဲဦးထွက်တွင်ပင် စစ်ဦးကို အပြီးသတ် ချိုးဖျက်၍ တိုက်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များ သိရှိနိုင်ရန် အာရက္ခတပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခထံ ဆက်သွယ် မေးမြန်းထားဆဲ ဖြစ်သည်။

ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...