ရခိုင်စစ်ပွဲနှင့်ပတ်သက်ပြီး ဒက္ကားမြို့တွင် ရခိုင်လူမျိုး ၅ဝဝ ကျော်ဆန္ဒပြ

ရခိုင်စစ်ပွဲနှင့်ပတ်သက်ပြီး ဒက္ကားမြို့တွင် ရခိုင်လူမျိုး ၅ဝဝ ကျော်ဆန္ဒပြ

ခိုင်လူလှ — ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဒက္ကားမြို့တွင် ရခိုင်အမျိုးသား ၅ဝဝ ကျော်ခန့်က ရခိုင်စစ်ပွဲအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုနှင့် အရပ်သားပြည်သူတွေ သေဆုံးနေရမှုအပေါ် ကန့်ကွက် ဆန္ဒပြ ခဲ့ကြသည်။

ဒီဆန္ဒပြပွဲကို ဒက္ကားမြို့ Shabag National Museum အမျိုးသားပြတိုက်ရှေ့တွင်  အောက်တိုဘာ ၁၁ ရက်နေ့ နံနက် ၁ဝ နာရီက စတင်ပြီး ၁၁ နာရီ ၄၅ မိနစ်အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘင်ဒရိုဘင်ခရိုင်မှ ဆန္ဒပြပွဲတွင် ပါဝင်သူ ကိုမောင်အေးက “ ဆန္ဒပြရတာက ရခိုင်စစ်ပွဲတွေအတွင်း အရပ်သားတွေ သေဆုံးနေတာတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရကို ကန့်ကွက်ဆန္ဒပြကြတာပါ။ လူပေါင်း ၅ဝဝ ကျော် ၆ဝဝ နီးပါး ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်” ဟု ပြောကြားသည်။  

ဆန္ဒပြသူများသည် ရခိုင်စစ်ပွဲတွင် အရပ်သားပြည်သူတွေ သေဆုံးနေမှုကြောင့် မြန်မာအစိုးရနှင့် တပ်မတော် အလိုမရှိကြောင်း၊ အင်တာနက်ဖြတ်တောက်မှုကို အမြန်ဖွင့်ပေး၊ ရခိုင်စစ်ပွဲရပ်ဖို့ တောင်းဆို၍ ဖမ်းဆီးခံထားရသည့် မြန်မာကျောင်းသားများကို လွှတ်ပေးရန်၊ နိုင်ငံတကာမှ ရခိုင်အရေးကို အလေးထားရန်နှင့် ရခိုင်ပြည်နယ် အစိုးရ အယုံအကြည်မရှိ စသည့်အချက်များကို တောင်းဆိုခဲ့ကြသည်ဟု ၎င်းက ပြောဆိုသည်။

“ ဘင်္ဂလာဒေ့ရှ် ရုပ်သံတွေကတော့ တိုက်ရိုက် ထုတ်လွှင့်ခဲ့တာတွေကို တွေ့ရပါတယ်။ အခု ဆန္ဒပြတဲ့ ရခိုင်လူမျိုးတွေက ကော့စ်ဘဇား၊ ဘင်ဒရိုဘင်၊ ခါကာဆိုရီ ခရိုင်တွေနဲ့ အဝကျွန်းက နေ လာကြသူတွေ ဖြစ်ကြပါတယ်” ဟု ၎င်းက ပြောကြားသည်။

ဆန္ဒပြပွဲတွင် ဘင်္ဂလာဒေ့ရှ်ရှိ ရဟန်းတော်များ၊ ရခိုင် ကျောင်းသားကျောင်းသူများ၊ အမျိုးသမီးအဖွဲ့များ ပါဝင်ခဲ့ပြီး ဘင်္ဂလာဒေ့ရှ် ရခိုင်ကျောင်းသားအသင်းက ၎င်းဆန္ဒပြပွဲကို ဦးဆောင်ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။ 

August 17, 2026
အာရက္ခတပ်တော် (AA) က ဝိုင်းဝန်းပိတ်ဆို့ထားသော နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးဗျူဟာသို့...
စစ်အုပ်စုတပ်သား (ပုံဟောင်း)
August 17, 2026
ရခိုင်ပြည် (အာရက္ခပြည်)၊ ကျောက်ဖြူစစ်မျက်နှာ နှစ်ခုအနက် အဝတောင်စစ်မျက်နှာတွင် အထိအခိုက် အကျ...
ဓါတ်ပုံ - ပုံဟောင်း
August 15, 2026
မကွေးတိုင်းဒေသကြီး၊ ပဒန်းမြို့၊ ရိုးတောင်ကျော်လမ်းပေါ်ရှိ နတ်ရေကန်သို့ ပို့ဆောင်သော စစ်အုပ်စုတပ်...
ဓါတ်ပုံ - PTC News (စစ်တပ်၏ တိုက်ခိုက်ရေး ဒရုန်းအား တွေ့ရစဉ် - ပုံဟောင်း)
August 13, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့နယ်တို့တွင် နှစ်ဖက်တိုက်ပွဲများ ရပ်တန့်နေသော်လည်း...