ဒေသအခြေစိုက် တိုင်းရင်းသားပါတီတွေကို ဘာကြောင့် မဲပေးသင့်တာလဲ

ဒေသအခြေစိုက် တိုင်းရင်းသားပါတီတွေကို ဘာကြောင့် မဲပေးသင့်တာလဲ

ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေသအခြေစိုက်တိုင်းရင်းသားပါတီတွေဟာ မိမိတို့ရဲ့ ဒေသနဲ့ သက်ဆိုင်ရာ နယ်ပယ်တွေကို ကိုယ်စားပြုပြီး ပြည်နယ်အရေး၊ အမျိုးသားရေးနဲ့ ပြည်ထောင်စုအရေးကို ဦးတည်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ ဖက်ဒရယ် စနစ်အားကောင်းလာဖို့ တွန်းပို့ပေးမယ့် ပါတီတွေဖြစ်တယ်ဆိုတာကိုလည်း အခြေခံအားဖြင့် မှတ်ယူလို့ရပါ တယ်။

ဒေသတွင်းပြည်နယ်မှာပဲ စုဖွဲ့ထားတာကြောင့် ဗဟိုချုပ်ကိုင်မှုပုံစံနဲ့ သွားတာမဟုတ်တဲ့အတွက်လည်း မဲဆန္ဒရှင် ပြည်သူတွေက တိုက်ရိုက် ထိန်းကျောင်းနိုင်မယ့် အခွင့်အလမ်းက ပိုပြီး အားသာချက်ရှိနိုင်ပါတယ်။ တိုင်းရင်း သားပါတီက ကိုယ်စားလှယ်လောင်းတွေဟာ ဒေသခံတွေဖြစ်နေလို့ ဒေသလိုအပ်ချက်တွေ ပိုမိုနားလည်နိုင်ပြီး တိုင်းရင်းသားကိုယ်စားပြုပါတီဖြစ်နေတာကြောင့်လည်း ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ယုံကြည်မှုတည်ဆောက်တဲ့နေရာမှာ ပိုပြီး ခိုင်မာအားကောင်းနိုင်ပါတယ်။

တိုင်းရင်းသားပါတီတွေ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွင်း ထိုင်ခုံတွေမှာ တစ်ပါတီထဲက လူအများစုကပဲ ဝင်ထိုင်နေတာမျိုး မြင်ရတော့မှာ မဟုတ်ပဲ ပါတီစုံအသွင် သဏ္ဍာန်နဲ့ မြင်ရတော့မှာ ဖြစ်ပါတယ်။

တစ်ပါတီကြီးတစ်ခုကပဲ အနိုင်ရရင် လုပ်ပိုင်ခွင့်အာဏာ သိမ်းကြုံးရယူတာမျိုး၊ အာဏာအလွှဲသုံးစားတာနဲ့၊ လာဘ်ပေးလာဘ်ယူမှုဖြစ်ပေါ်တတ်တာကြောင့် ပါတီပေါင်းစုံ အနိုင်ရပါဝင်လာခြင်းက ဒီလိုအခြေအနေတွေကို အကောင်းဆုံး ဟန့်တား ထိန်းကျောင်းနိုင်မယ့် အခင်း အကျင်းတစ်ခု ဖြစ်ပေါ်လာမှာ ဧကန်အမှန်ဖြစ်ပါတယ်။ ရွေးကောက်ပွဲအလွန် ပါတီတစ်ခုတည်းက အစိုးရ မဖွဲ့နိုင်ရင် ညွှန့်ပေါင်းအစိုးရဖွဲ့ပြီး အပြန်အလှန်ထိန်းကျောင်းနိုင်မယ့် အရွေ့တစ်ခုနဲ့ သွားရမှာ ဖြစ်ပါတယ်။

တစ်ဖက်မှာ ပြည်နယ်လွှတ်တော်ကိုတော့ တိုင်းရင်းသားပါတီတွေ ထိုင်ခုံနေရာအများစုကို ထိန်းချုပ်နိုင်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုရင် တိုင်းရင်းသားတွေ ခေတ်အဆက်ဆက်တောင်းဆိုလာတဲ့ အမျိုးသားတန်း တူရေး၊ ကိုယ်ပိုင်ပြဠာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကို လွှတ်တော်လမ်းကြောင်း ကနေ ဖန်တီးရယူ နိုင်ဖို့လိုအပ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံက တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို အပြည့်အဝ ပေးပေးထားပြီလို့ ဆိုလိုတာမဟုတ်ပါဘူး။ ဖွဲ့စည်းပုံကပေးထားတဲ့ အခွင့်အရေးအနည်းငယ်ကိုပဲ အမိအရ ဆုပ်ကိုင်နိုင်ရေး လမ်းကြောင်းကို မီးမောင်းထိုးပြလိုခြင်းပဲ ဖြစ်ပါတယ်။

ကယားပြည်နယ်လွှတ်တော်ကို နာမူနာထား ကြည့်ရမယ်ဆိုရင် ကယားပြည်နယ်လွှတ်မှာ ရွေးကောက်ခံ ကိုယ်စားလှယ်တွေအတွက် ထိုင်ခုံနေရာ ၁၅ နေရာရှိပါတယ်။ ၂၅ နှုန်း ဖြစ်တဲ့ တပ်မတော်သားကိုယ်စားလှယ်တွေက ထိုင်ခုံနေရာနဲ့ ပေါင်းရင် စုစုပေါင်း ထိုင်ခုံနေရာ ၂၀ နေရာ ရှိပါတယ်။

ရွေးကောက်ခံကိုယ်စားလှယ်တွေအတွက် ထိုင်ခုံနေရာ ၁၅ နေရာရှိတဲ့အနက် ဒေသအခြေစိုက်တိုင်းရင်းသားပါတီတွေက အနည်းဆုံး ၁၂ နေရာလောက် အနိုင်ရထားရင် လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်တဲ့နေရာမှာ အဆိုတွေအများစုက အောင်မြင်နိုင် မှာ ဖြစ်သလို တိုင်းရင်းသားပါတီက ပြည်နယ်အစိုးရကိုယ်လည်း ဖွဲ့စည်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်က လုပ်ပိုင်ခွင့်ရမယ့် တိုင်းရင်းသားတွေရဲ့အခွင့်အရေးနဲ့ ပြည်နယ်အခွင့်အရေးတွေကို ဥပဒေပြဌာန်းပြီး စီမံအုပ်ချုပ်နိုင်မယ့် အခွင့်အရေးရရှိလာမှာဖြစ်ပါတယ်။

တနည်းအားဖြင့် ကိုယ့်ပြည်နယ်ကို ကိုယ့်ပြည်နယ်ထဲက လူတွေပဲ တိုက်ရိုက်တာဝန်ပေး စီမံအုပ်ချုပ်ခိုင်းတဲ့ သဘောပဲဖြစ်ပါတယ်။ ဗဟိုချုပ်ကိုင် လွှမ်းမိုးမှုများတဲ့ ပါတီကြီးတစ်ခုက လာပြီး ကိုယ်စားပြုအုပ်ချုပ်မယ်ဆိုရင် ဗဟိုပါတီရဲ့ မှုဝါဒသဘောထားအတိုင်းပဲ အုပ်ချုပ်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ ကိုယ့်ပြည်နယ်ကို တိုက်ရိုက်ကိုယ်စားပြုတဲ့ ပါတီကို မဲပေးသင့်ပြီး ကိုယ်ပိုင်စံမီအုပ်ချုပ်ရေးကို ထူထောင်နိုင်ဖို့ လိုအပ်ပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...