နမ့်ခမ်းမြို့နယ်တွင် အစိုးရတပ်အင်အားဖြည့် ပစ်ခတ်မှုဖြစ်မှာကို ဒေသခံများစိုးရိမ်

နမ့်ခမ်းမြို့နယ်တွင် အစိုးရတပ်အင်အားဖြည့် ပစ်ခတ်မှုဖြစ်မှာကို ဒေသခံများစိုးရိမ်

သျှမ်းပြည် မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်အတွင်း RCSS/SSA လှုပ်ရှားရာဘက်သို့ အစိုးရတပ်မတော် အင်အားဖြည့်တင်းမှုများ ပြုလုပ်နေသဖြင့် ထိတွေ့မှု ဖြစ်ပွားမည် ကို ဒေသခံများက စိုးရိမ်နေကြပါသည်။

နမ့်ခမ်းမြို့နယ်အတွင်း သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်မဟာ (၇၀၁) အခြေစိုက်ရာ ဒေသဘက်တွင် အစိုးရ တပ်မတော် စစ်အင်အား ဖြည့်တင်းနေ ကြခြင်းဖြစ်ကြောင်း နမ့်ခမ်းဒေသခံ စိုင်းမောဝ် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အစိုးရတပ်သားတွေ က RCSS/SSA တပ်စခန်းရှိတဲ့ဘက်ကိုတော့ သွားနေတာမြင်တယ်။ လယ်ထဲကနေ ဖြတ်သွားတယ်။ ဒေသခံတွေကတော့ ကြောက်နေရတယ်” ဟု စိုင်းမောဝ် က ဆိုသည်။

အစိုးရ တပ်မတော်သားများသည် ယမန်နေ့ ဇူလိုင် ၃၀ ရက် ညနေပိုင်းမှ စတင် ဝင်ရောက်လာကြကြောင်း နမ့်ခမ်းမြို့နယ် အတွင်းနေထိုင်သည့် သူများက ပြောသည်။

“ မနေ့ညနေလောက်က ကျနော်တို့ RCSS/SSA ရှိတဲ့နေရာကို အစိုးရတပ်က လာတယ်။ ဘာကြောင့်တက်လာလဲဆိုတာ သေချာမသိသေးဘူး။ စစ်ရေးကတော့ တင်းမာနေတယ်” ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက သျှမ်းသံတော်ဆင့် ကို ပြောသည်။

RCSS/SSA ၏ တပ်မဟာ ၇၀၁ ရှိသည့်နေရာဘက်သို့ အစိုးရတပ်ဘက်မှ စစ်အင်အား ၃၀၀ နီးပါး တက်လာကြောင်း ဗိုလ်မှူး ခမ်းစံ က ထပ်လောင်းပြောသည်။

“ သူတို့တွေ ကျနော်တို့နေရာကို ထက်တက်လာပြီး လှုပ်ရှားမယ်၊ မွှေမယ်ဆိုရင်တော့ ထိတွေ့မှုတွေဖြစ်လာနိုင်တယ်” ဟု ဗိုလ်မှူးခမ်းစံ က ဆိုသည်။

ဇွန်လ ၂၅ ရက်ကစပြီး ဇူလိုင်လယ် အထိ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် RCSS/SSA နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲပေါင်း အကြိမ် ၂၀ကျော်ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲများအတွင်း ဒေသခံရွာသားများအား စစ်တပ်က ပစ်သတ်မှု ၊ ဖမ်းဆီးရိုက်နှက်မှုများရှိခဲ့သည်။

Most read this week

April 18, 2024
နှစ်သစ်ကူးတဲ့ ဒီနှစ်တန်ခူးလ အတာသင်္ကြန်မှာ နွေဟာ မနှစ်ကထက် ပိုပူလာတယ်။ ရွက်ဝါတွေလည်း...
April 8, 2024
နယ်စပ်ဖြတ်သန်းသွားလာမှုကို လူအဝင်အထွက် ထိန်းချုပ်နိုင်ရန် UID ခေါ် စမတ်ကတ် ပါရှိမှသာ...
April 4, 2024
အွန်လိုင်းလိမ်လည်ဂိုဏ်း-ကျားဖြန့် လုပ်ငန်းများနှင့် ပတ်သက်၍ စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာန...
April 1, 2024
တိတ်ဆိတ်နေတဲ့ နံနက်အရုဏ်ဦးမှာ တရုတ်ကျူရှင်သွားဖို့ ပြင်ဆင်နေတဲ့ သမီးလေးဟာ ကျယ်လောင်တဲ့ ပစ်ခတ်သံ...