ကွတ်ခိုင်မြို့နယ် ပေါက်ကွဲမှု ဖြစ် ဒေသခံ ၇ဦး ထိမှန်

ကွတ်ခိုင်မြို့နယ် ပေါက်ကွဲမှု ဖြစ် ဒေသခံ ၇ဦး ထိမှန်

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပန်ကိုင်ကျေးရွာ အုပ်စု နမ့်ခွမ်ရွာတွင် ပေါက်ကွဲမှု တခု ဖြစ်ပြီး ဒေသခံ ၇ ဦး ထိမှန်ခဲ့ကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၈ ရက် နေ့လည် ၁၂ နာရီဝန်းကျင်က နမ့်ခွမ်ရွာရှိ တောင်ယာတွင် အမျိုးသား ၂ဦး နှင့် အမျိုးသမီး ၅ဦး အလုပ်လုပ်နေစဉ် ပေါက်ကွဲမှု တခု ဖြစ်ပွားကာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မေတ္တာရှင်လူမှုကူညီရေး အသင်း နာယက က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ မြေမြုပ်မိုင်းတော့ မဟုတ်ဘူး။ သူတို့တောင်ယာလုပ်ရင်း နားနေချိန်မှာ မပေါက်ကွဲသေးတဲ့ မိုင်းကို သွားထိမိလို့ ပေါက်ကွဲတာ။ ဒဏ်ရာ ပြင်းထန်တဲ့ ၅ဦးကိုတော့ လားရှိုးပြည်သူ့ဆေးရုံကို ပို့ထားတယ်” ဟု ၎င်း က ဆိုသည်။

ဒဏ်ရာ ပြင်းထန်သည့် အမျိုးသား ၁ဦး နှင့် အမျိုးသမီး ၄ဦးကို ယမန်နေ့တွင် ဂရုဏာလူမှု ကူညီရေးအသင်း နှင့် မေတ္တာရှင် လူမှု ကူညီရေး အသင်းတို့က လားရှိုးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထိုဒေသတလျှောက်တွင် အစိုးရ တပ်မတော် ၊ တိုင်းရင်းသားလက်နက်ကိုင်များ လှုပ်ရှားနေသဖြင့် မပေါက်ကွဲသေးသည့် ကျည်များ ဆက်ရှိနိုင်ဦးမည်ဖြစ်ကြောင်း သွားရောက် ကူညီခဲ့သည့် မေတ္တာရှင် လူမှုကူညီရေး အသင်း က ပြောဆိုလိုက်သည်။

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း အစိုးရ တပ်မတော် နှင့် ကချင် လွတ်မြောက်ရေး တပ်မတော်(KIA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)တို့ မကြာခဏ ထိတွေ့သည့်နေရာဖြစ်သည်။

ထို့ပြင် ယခုရက်ပိုင်း အစိုးရ တပ်မတော် သည် စစ်အင်အားဖြည့်ဆည်းမှုများ ပြုလုပ်ကာ ဒေသခံများ စိုးရိမ်ထိတ်လန့်မှုဖြစ်နေကြောင်း သိရသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...