ပန်းမြောင်းအုပ်စုမှ တောင်မြေများအား တရားမဝင် ရောင်းချမှုများရှိနေဟုဆို

ပန်းမြောင်းအုပ်စုမှ တောင်မြေများအား တရားမဝင် ရောင်းချမှုများရှိနေဟုဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းအုပ်စုတွင် တောင်မြေများအား တရားမဝင် ရောင်းချမှုများ ရှိနေသဖြင့် သက်ဆိုင်ရာ မြို့နယ် အာဏာပိုင်များမှ အမြန် စစ်ဆေးရန် လိုအပ်နေကြောင်း ဒေသခံများက နိရဥ္စရာသို့ ပြောကြားသည်။

ကျေးရွာသား အချို့မှ ပန်းမြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်အောင်မြင့်မှ ၎င်းတောင်မြေများအား ဘင်္ဂလီများသို့ ရောင်းချနေကြောင်း သတင်းပေးပို့သဖြင့် ၎င်းအုပ်ချုပ်ရေးမှူးအား ဆက်သွယ်မေးမြန်းရာ သူ့အနေဖြင့် ရောင်းချခြင်း မရှိကြောင်း နိရဥ္စရာသို့ပြောသည်။

“ ကျနော်အနေနဲ့ အုပ်ချုပ်ရေးမှူးလုပ်သက် နှစ်ကြိမ်ရှိပါပြီး။ တစ်ခါမှ အဲလိုမလုပ်ဖူးပါဘူး။ အခုလည်း ကျနော်ရောင်းချတာ မဟုတ်ပါဘူး။ ကျနော်ကို လာရောက်တိုင်ပင်တာပါ။ ရခိုင်ဝယ်လက်မရှိတာကြောင့် ဦးမောင်ညွန့်စိန်အနေနဲ့ ဘင်္ဂလီထံရောင်းချရတာ ဖြစ်ပါတယ်” ဟုဆိုသည်။

ယခုတောင်မြေအား ဘင်္ဂလီသို့ ရောင်းချမှူမှာ ပန်းမြောင်းအုပ်စု ငှက်တော်ရကျေးရွာမှ ဦးမောင်ညွန်စိန်ဖြစ်ကြောင်း၊ အိမ်တွင်းစီးပွားရေးနှင့် ကျန်းမာရေးအခြေအနေရ ကိုယ်ပိုင်တောင်မြေကို ရောင်းချရခြင်းဖြစ်ကြောင်း၊ ရခိုင်တိုင်းရင်းသား ၀ယ်လက်မရှိသောကြောင့် ရောင်းချလိုက်ရခြင်းဖြစ်ကြောင်း ပန်းမြောင်း ကျေးရွာ အုပ်စုအပ်ချုပ်ရေးမှူး ဦးတင်အောင်မြင့်က ဆက်လက် ပြောသည်။

ပန်းမြောင်းဒေသခံ ဦးဖေသန်းက ယခုတောင်မြေများကို ရောင်းချရာတွင် ပန်းမြောင်း အုပ်ချုပ်ရေးမှူး ပါ၀င်ကြောင်း၊ ၎င်းတောင်မြေများမှာ အများပြည်သူ ထင်းရှာ၊ သစ်ခုတ် အသုံးပြုသော နေရာများ ဖြစ်၍ မလိုလားအပ်သော ပဋိပက္ခများဖြစ်မည်စိုးရိမ်ကြောင်း ပြောကြားသည်။

“ပန်းမြောင်းအရှေ့ဖက် အခြမ်းကတောင်တွေကို ဘင်္ဂလီတွေကို အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း ရောင်းချနေပါတယ်။ အဲဒီနေရာတွေကတော့ ထင်းရှာ သစ်ခုတ်သွားလာနေတဲ့ နေရာတွေပါ။ အဲဒီလိုတွေ လုပ်လိုက်တော့ မထင်မှတ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အထက်အာဏာပိုင်တွေအနေနဲ့ အမြန်ဆုံး စစ်ဆေးဖို့ လိုနေပါတယ်” ဟု ဦးဖေသန်းမှ နိရဥ္စရာသို့ ပြောသည်။

အုပ်ချုပ်ရေးမှူးမှ မြေများအားရောင်းချရာတွင် မိမိ မပါ၀င်ကြောင်း၊ ပန်းမြောင်းရွာသို့ ဘင်္ဂလီများ ၀င်ထွက် သွားလာခြင်းလဲ မရှိကြောင်း၊ အစိုးရမှ ပိတ်ပင်ထားခြင်း မဟုတ်ဘဲ ဒေသခံများမှ မသွား မလာရ တားမြစ်ထားကြောင်း အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

၂၀၁၂ ခုနှစ် ပဋိပက္ခအလွန် နှစ်ဖက်အသိုင်းအဝိုင်း ဆက်ဆံမှု နည်းပါးလာသော်လည်း လုပ်ငန်းကိုင်ငန်းများအတွက် လိုအပ်သော နေရာများတွင် ဘင်္ဂလီများကို ခေါ်ယူအသုံးပြုမှူများရှိနေကြောင်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...