မေခမြစ်ပေါ်က ရေကာတာ ၆ခု၏ အချက်အလက်မသိရသဖြင့် ဧရာဝတီမြစ်ရေအတက်အကျခန့်မှန်းရန် ခက်ခဲနေဟုဆို

မေခမြစ်ပေါ်က ရေကာတာ ၆ခု၏ အချက်အလက်မသိရသဖြင့် ဧရာဝတီမြစ်ရေအတက်အကျခန့်မှန်းရန် ခက်ခဲနေဟုဆို

မေခ မြစ်ပေါ်ရှိ ရေကာတာ ၆ခု၏ ရေစီးဆင်းမှုနှင့်ပတ်သက်သည့် အချက်လက်မရရှိသေးသရွှေ့ ဧရာဝတီမြစ်ရေအတက်အကျအခြေအနေကို ကြိုတင်ခန့်မှန်းရန်ခက်ခဲနေသည်ဟု သိရသည်။

မေခနှင့် မလိခ ပေါင်းဆုံပြီး ဧရာဝတီမြစ်အဖြစ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ မြန်မာပြည်အောက်ပိုင်းအထိ စီးဆင်းသွားသည်။

မလိခအထက်ပိုင်း ရေကာတာ ၂ ခု၏ ရေစီးဆင်းမှုအချက်အလက်ကို လွယ်ကူစွာရရှိနိုင်သော်လည်း မေခမြစ်ပေါ်ရှိ ရေကာတာ ၆ခု၏ ရေစီးဆင်းမှုအချက်အလက်ကိုရရှိရန် မဖြစ်နိုင်သည့်အတွက် ဧရာဝတီမြစ်ရေအတက်ကျ ကြိုခန့်မှန်းရန် အခက်ခဲရှိနေကြောင်း ကချင်ပြည်နယ်မိုးလေဝသနဲ့ဇလဗေသဦးစီးအရာရှိ ဦးနိုင်လင်းထွေး က ပြောသည်။

“အဓိကသည် မြစ်ကြီးနားအတွက်ဆိုရင် မြစ်နှစ်သွယ်ဖြစ်တဲ့ အပေါ်က မေခနဲ့ မလိခပေါင်းပြီးမှ Focusလုပ်ရတာ ဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့ မေခဘက်က Information မရှိဘူး။ အချက်လက်ရယူဖို့တွက် အားနည်းတယ်။ အပေါ်မှာရှိနေတဲ့ တရုတ်ကလုပ်ထားတဲ့ရေကာတာ ၆ ခုက ကျနော်တို့ပိုင်တာမဟုတ်တဲ့အတွက် အဲဒီကနေရေလွှတ်ခြင်း မလွှတ်ခြင်းကို မသိနိုင်တဲ့တွက် မေခမြစ်ပေါ်ကဆင်းလာတဲ့ရေကို ကျနော်တို့ကမသိနိုင်ဘူး။ အဲကြောင့် အဲကနေဆင်းလာတဲ့ ရေအခြေနေပေါ်မှာဘဲ မူတည်ပြီးတော့ အချက်လက်တွေ ထုတ်ပြန်နိုင်ပါသေးတယ်။” ဟု ပြောသည်။

လက်ရှိ မလိခမြစ်ပေါ်တွင် မချမ်းဘောရေအားလျှပ်စစ်နှင့်ဆွမ်ပရာဘွမ်ရေအားလျှပ်စစ် ၂ ခုရှိနေပြီး မေခမြစ်ပေါ်တွင်မူ ချီဖွေငယ်ရေကာတာအပါအဝင် တရုတ်နိုင်ငံဘက်ခြမ်းမှ ရေကာတာ ၆ခုရှိကြောင်း ၎င်းကဆက်ပြောသည်။

“ဥပမာ ချီဖွေငယ်ရေကာတာဆိုလို့ရှိရင် ဘယ်ချိန်မှာရေကာတာဆေးမယ်၊ ဘယ်ချိန်မှာတော့ရေလွှတ်မယ်ဘယ်နေ့ထိတော့ ရေကာတာဆေးမယ်၊ ရေကိုဘယ်ချိန်မှလွှတ်မယ်၊ အဲလိုအချက်လက်တွေထုတ်ပြန်ပေးရင်တော့ကျနော်တို့က ကြိုတင်ပြင်ဆင်လို့ရမယ်။ ဒါဆိုရင်တော့ရေဘယ်လောက်တက်လာနိုင်တယ်၊ ရုတ်တရက်တက်လာတာမျိုးဆိုရင် ဒီ Dam ကြောင့် ဖြစ်တယ်ဆိုပြီး ကျနော်တို့ကတစ်ခါတည်းတန်းတွက်လို့ရတယ်။” ဟု ကချင်ပြည်နယ်မိုးလေဝသနဲ့ဇလဗေသဦးစီးအရာရှိ ဦးနိုင်လင်းထွေးက ပြောသည်။

သမိုင်းတစ်လျှောက် ကချင်ပြည်နယ် ဧရာဝတီမြစ်ရေ၏ စိုးရိမ်ရေအမှတ်သည် ၁၉၇၉ ခုနှစ်တွင် (၁၄၁၄) ၊ ၂၀၀၄ခုနှစ်တွင် (၁၄၀၈) နှင့် ၂၀၁၉ ခုနှစ်တွင် (၁၂၂၉) အထိရှိခဲ့သည်။

မြစ်ရေကြီးလာတာနဲ့အမျှ မြို့တွင်းသို့ ရေများဝင်ရောက်ကာ ရေဝပ်ရခြင်းအဓိကအကြောင်းရင်းသည် မြို့တွင်းထဲသို့ ရေဝင်ရောက်နိုင်သည့် ရေဝင်ပေါက်များမှဝင်ရောက်လာသည့်ရေများကြောင့်အများဆုံး ရေဝပ်ရခြင်းဖြစ်ကြောင်းသိရသည်။

“လူတွေက မိုးလေဝသဌာနကိုဆိုရင် ဘယ်ချိန်မှပြေးမြင်ကြလဲဆိုရင် မိုးရွာပြီဟေ့ဆိုတဲ့ချိန်မှ သတိရကြတယ်။ ကျနော်တို့ဌာနမှာ လိုအပ်ချက်တွေဆောင်ရွက်ဖို့တွက် အရင်နှစ်ကလည်း ဘတ်ဂျတ်တောင်းတယ်မကျဘူး။ လုပ်ရမယ့်ဟာတွေများကြီးရှိနေတယ်။ ဆည်မြောင်း၊ စည်ပင်တွေနဲ့ပေါင်းပြီးတော့ ရေဝင်ပေါက်တွေမှာ ရေတံခါးတွေတပ်ထားနိုင်ရင် မြစ်ရေတက်လာပြီဆိုတာနဲ့ ရေတံခါးကိုပိတ်လိုက်ရုံဘဲ။ အဲလိုလုပ်ရင် မြို့တွင်းထဲရေဝပ်တာ၊ ရေဝင်တာတွေက အရင်ထက်အများကြီး သက်သာသွားနိုင်တယ်” ဟု ဦးနိုင်လင်းထွေးက ထပ်မံ ပြောဆိုသည်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသို့ ဆက်သွယ်မေးမြန်းရာတွင် လက်ရှိချိန်ကွင်းဆင်းလေ့လာနေပြီး အချက်လက်ခိုင်လုံမှသာ ဖြေကြားပေးမည်ဟု ပြန်လည်ပြောဆိုခဲ့သည်။

မိုးလေဝသနဲ့ပတ်သက်သည့် သတင်းအချက်လက်များအား စောလျှင်စွာပြည်သူများထံ သတင်းပေးပို့နိုင်ရန်တွက်လည်း သက်ဆိုင်ရာမြို့နယ်အတွင်းရှိ ကျေးရွာ၊ ရပ်ကွက်မှူးများ၏ ဖုန်းနံပါတ်များတောင်းဆိုထားပြီး သတင်းချက်လက်မြန်ဆန်စွာပေးပို့ နိုင်ရန် Viber Group ဖွဲ့ထားမည့်အစီစဉ် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

မိုးလေဝသနှင့် သက်ဆိုင်သည့်သတင်းများကို နေ့စဉ်မနက် ၇နာရီ နေ့လည် ၂နာရီ ည ၇နာရီ ပုံမှန်ထုတ်ပြန်ပေးနေကြောင်း ၎င်းကဆက်ပြောသည်။

ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...
August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...