တရားသူကြီးကို ချိန်ခွင်အပျက် ပေးသဖြင့် ထောင်ချခံရသော ကချင်လူငယ် လွတ်မြောက်

တရားသူကြီးကို ချိန်ခွင်အပျက် ပေးသဖြင့် ထောင်ချခံရသော ကချင်လူငယ် လွတ်မြောက်
အကျဉ်းထောင်မှလွတ်လာသော ကိုပေါလု
အကျဉ်းထောင်မှလွတ်လာသော ကိုပေါလု

တရားစီရင်ရာတွင် မျှတမှုမရှိဟုဆိုကာ တရားသူကြီးကို ချိန်ခွင်အပျက်ပေးသဖြင့် ထောင်ဒဏ် ၃ လချမှတ်ခံရသော ကချင်လူငယ် ကိုပေါလုသည် ချုပ်ရက်စေ့သဖြင့် ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်တွင် မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်လာပြီ ဖြစ်ပါသည်။

ကချင်စစ်ဘေး ၈ နှစ်ပြည့် စစ်ရှောင်လူငယ်များ၏ လမ်းဘေးတေးသရုပ်ဖော်မှုနှင့် ပက်သက်ပြီး ကိုပေါလုနှင့် မဆိုင်းနူးပန် တို့ ၂ ဦးကို ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် လွန်ခဲ့သည့် စက်တင်ဘာ ၂ ရက် နေ့၌ ထောင်ဒဏ် ၁၅ ရက်စီ ချမှတ်ခဲ့သည့်အပေါ် တရားမျှတမှုမရှိကြောင်း အမှတ်အသားအဖြင့် တရားသူကြီးကို ချိန်ခွင်အပျက် ပေးခဲ့ခြင်းကြောင့် မြစ်ကြီးနားမြို့နယ် တရားသူကြီး ဦးသန်းထွန်းမှ ရာဇသက်ကြီး ပုဒ်မ ၂၂၈ ဖြင့် ဦးတိုက်လျောက်ထားခဲ့ခြင်း ဖြစ်သည်။

“တည်ဆဲဥပဒေက ကျနော်တို့ကို ကန့်သတ်ထားတာတွေ အများကြီးရှိတယ်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်ပြီးမှ ကန့်သက်ချက်တွေ ဒီလမ်းမသွားရဘူး။ ဒီဆိုင်းဘုတ်မကိုင်ရဘူး။ ဒီတိုင်းသွားရင်အပြစ်ပေး အရေးယူမှုတွေအများကြီးရှိတယ်။ အဲတော့ ဒီဥပဒေတွေ ပြုပြင်ပြောင်းလဲသွားဖို့ရန်အတွက် ကျနော်တို့က ဆက်ပြီးမှ ကြိုးစားသွားရမယ်။ ပြည်သူတွေ နဲ့ လူငယ်တွေအကုန်လုံး လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်ရရှိအောင် ကျနော်တို့ ဝိုင်းဝန်းဖန်တီးဖို့လိုတယ်” ဟု ကိုပေါလုထောင်မှ ထွက်လာချိန် ပြောဆိုခဲ့ပါသည်။

ကိုပေါ်လုသည် စက်တင်ဘာ ၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့်ထောင်ချခံရပြီး၊ စက်တင်ဘာ ၁၆ မှ ဒီဇင်ဘာ ၁၅ အထိမှာ တရားသူကြီးကို ချိန်ခွင့်အပြတ်ပေးမှုဖြင့် ထပ်တိုးချမှတ်ခံရသော ထောင်ဒဏ် ၃ လ ဖြစ်ကာ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အကျဉ်းထောင်မှ လွတ်မြောက်ခဲ့ခြင်းဖြစ်ပါသည်။

“အရမ်းဝမ်းသာတယ်။ သားလေးထောင်ကလွတ်လာတော့ ဒီထောင်ဆိုတာက အရမ်းကို ဆင်းရဲ ဒုက္ခရောက်တဲ့နေရာက လွတ်လာတယ်ဆိုတော့ အရမ်းပျော်တယ်” ဟု ကိုပေါ်လု၏ ဖခင်ဖြစ်သူ ဦး လရှား ဇောင်ရစ်က ဆိုပါသည်။

ဇွန်လ ၉ ရက်နေ့ကျရောက်သော တစ်ကျော့ပြန် ကချင်စစ်ဘေး ၈ နှစ်ပြည့် စစ်ရှောင်ပြည်သူများ၏ ခံစားချက်ကို လမ်းဘေးတေးသရုပ်ဖော်ပြရာတွင် ခွင့်ပြုမိန့်တောင်းခံခြင်း မရှိဟုဆိုကာ ဦးဆောင်သူ ကိုပေါလု နှင့် မဆိုင်းနူးပန်တို့ ၂ ဦးကို မြစ်ကြီးနားမြို့နယ် ယာယီဒုရဲမှူး မင်းသန့်ဇော်က တရားလိုပြုကာ ငြိမ်းစုစီပုဒ်မ ၁၉ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ထိုအမှုအတွက် မြို့နယ်တရားသူကြီး ဦးသန်းထွန်းက လူငယ်ခေါင်းဆောင် ၂ ဦးကို ထောင်ဒဏ် ၁၅ ရက် ကျခံရန် စက်တင်ဘာ ၂ ရက်နေ့တွင် ပြစ်ဒဏ်စီရင်ခဲ့သည့်နောက် ကိုပေါလုကို ထပ်မံပြီး မြစ်ကြီးနားမြို့နယ်တရားရုံးက ထောင်ဒဏ် ၃ လ ချမှတ်ခဲ့ခြင်းဖြစ်သည်။

မဆိုင်းနူးပန်မှာ စက်တင်ဘာ ၁၆ ရက်နေ့ နံနက်က ထောင်မှ ထွက်လာခဲ့ပြီ ဖြစ်ပါသည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...