မြန်မာအစိုးရကို တရားစွဲဆိုမှု ထောက်ခံသည့် ဆန္ဒပြပွဲ ICJ တရားရုံးရှေ့တွင် ပြုလုပ်

မြန်မာအစိုးရကို တရားစွဲဆိုမှု ထောက်ခံသည့် ဆန္ဒပြပွဲ ICJ တရားရုံးရှေ့တွင် ပြုလုပ်
The Hague အပြည်ပြည်ဆိုင်ရာ တရားရုံးရှေ့
The Hague အပြည်ပြည်ဆိုင်ရာ တရားရုံးရှေ့

လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံကို တရားစွဲထားသည့်အမှု စတင်ကြားနာသည့် ပထမနေ့တွင် တရားစွဲဆိုမှုကို ထောက်ခံသည့် ဆန္ဒပြပွဲကို အပြည်ပြည်ဆိုင်ရာတရားရုံးဆိုက်ရာ နယ်သာလန်နိုင်ငံ The Hague မြို့ရှိ International Court of Justice ICJ တရားရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

ဥပရောပ ရိုဟင်ဂျာအဖွဲ့အစည်းဦးဆောင်မှုဖြင့် မြန်မာပြည်မှ ကချင်၊ ကရင် လူမျိုးတွေလည်းပါဝင်ကာ လူအင်အား နှစ်ရာခန့်က ထောက်ခံ ဆန္ဒဖော်ထုတ်ခဲ့ကြောင့် အစီစဉ်တွင် ဦးဆောင်ပါဝင်နေသူ ကချင်အမျိုးသားအစည်းအရုံး KNO အထွေထွေအတွင်းရေးမှုး ဦး Layang Hkun Htoi ပြောပါသည်။

‘‘ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုကိစ္စကြောင့် တရားစွဲခံရတဲကိစ္စမှာ ကျနော်တို့က ထောက်ခံရမယ်။ ဘာလို့ဆိုတော့ ဒီလုပ်ရပ်ကျူးလွန်နေတဲ့တပ်မတော်က ကျနော်တို့ လူမျိုးတွေကိုလည်း နှစ်ပေါင်း ၆၀ ကျော်ဖိနှိပ်ခဲ့ပြီ။ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရှာပေးရင်း ကျန်တဲ့ သူတွေအတွက်လည်း ဖြစ်လာမယ်။ ဒါကြောင့် ဒီအမှုမှာ တရားစွဲတဲ့ဘက် အောင်မြင်ဖို့ ကျနော်တို့ လာရောက်အားပေးတာဖြစ်တယ်’’ ဟု ပြောခဲ့ပါသည်။

တရားစွဲဆိုသည့် ဂမ်ဘီယာနိုင်ငံမှာ ထွက်ဆိုသည့်နေ့တွင် လူအင်အား နှစ်ရာခန့်သာ ဆန္ဒပြနိုင်ခဲ့ပြီး၊ ဒုတိယနေ့ မြန်မာပြည်မှ ပြန်လည်ချေပမည့် မနက်ဖြန် ဒီဇင်ဘာ ၁၁ ရက်နေ့တွင်လည်း ဆန္ဒဖော်ထုတ်ပွဲ ထပ်မံပြုလုပ်သွားမည်ဟု သိရပါသည်။

ယနေ့ ဂမ်ဘီယာ နိုင်ငံမှ စွပ်စွဲခဲ့သည့်အချက်များတွင် တပ်မတော်နယ်မြေရှင်းလင်းရေးအတွင်း လိင်ပိုင်းဆိုင်ရာကျူးလွန်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ ရိုဟင်ဂျာလူမျိုးများကို ခွဲခြားဆက်ဆံမှုစသည့် အချက်များကို တင်ပြခဲ့ပါသည်။

မနက်ဖြန် ဒီဇင်ဘာ ၁၁ ရက်နေ့တွင် မြန်မာဘက်မှ ပြန်လည်ချေပမည့်အစီစဉ်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည့် အဖွင့်မိန့်ခွန်းပြောဆိုမည်ဖြစ်ပြီး ဌားရမ်းထားသည့်ရှေ့နေမှ ပြန်လည်ချေပသွားမည်ဖြစ်သည်။

‘‘အားလုံးသိထားသင့်တာက လက်ရှိ NLD အစိုးရက ဒါအပြစ်ပြန်ဖုံးပေးရင် ပိုဆိုးသွားပြီ။ ဒါပေမယ့် တပ်မတော်ရဲ့ မြန်မာပြည်မှာအခန်းကဏ္ဍ လုပ်ရပ်တွေကို အစိုးရက မထိန်းနိုင်လို့ ဒီလိုဖြစ်သွားတယ် ဆိုပြီး တရားသူကြီးတွေထံ ဝန်ခံလိုက်ရင်တော့ နိုင်ငံဂုဏ်သိက္ခာလည်းပြန်ရမယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ဂုဏ်သိက္ခာရှိမယ်။ NLD က မနေ့တနေ့ကမှ အစိုးရတက်တာ အားလုံးသိတယ်လေ။ ဒါပေမယ့် စစ်တပ်အပြစ်ကို ဖုံးပေးတော့ ပိုအပြစ်ထင်ရှားလာမယ်။’’ ဟု ဦး Layang Hkun Htoi ဆက်လက် ပြောဆိုပါသည်။

International Court of Justice ICJ တရားရုံး ယနေ့ကြားနာမှုတွင် ဂမ်ဘီယာနိုင်ငံမှ တင်သွင်းမှုများကို ကုလသမ္မဂ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာကို ကိုးကားချက်အဖြစ် တင်ပြထားသည်ကို တွေ့ရပါသည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...