နန်ကျင်စီမံကိန်း လယ်ယာမြေနစ်နာကြေးမရပါက လူထုဆန္ဒဖော်ထုတ်သွားမည်ဟုဆို

နန်ကျင်စီမံကိန်း လယ်ယာမြေနစ်နာကြေးမရပါက လူထုဆန္ဒဖော်ထုတ်သွားမည်ဟုဆို

မြစ်ကြီးနားမြို့အနောက် ၈ မိုင်အကွာ နန်ကျင်စီးပွားရေးဇုန် စီမံကိန်းအတွင်းပါဝင်နေသည့် ဒေသခံများ၏ လယ်ယာမြေအတွက် နစ်နာကြေးများမရရှိပါက လူထုဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း နန်ကျင်ဒေသခံများ ဆိုသည်။

ပြည်နယ်အစိုးရမှ ၎င်းတို့ကို ကျူးကျော်အဖြစ်သတ်မှတ်ထားသဖြင့် MOA လက်မှတ်မထိုးမီ နန်ကျင်ဒေသခံများအနေဖြင့် ဆန္ဒထုတ်ဖော်လိုသော်လည်း တရားဥပဒေလမ်းစဉ် မသိခြင်းကြောင့် အသစ်ဖွဲ့စည်းလိုက်သော ကချင်ပြည်နယ် လူထုလယ်ယာမြေကော်မတီ နှင့် ပူးပေါင်းတိုင်ပင်ဆွေးနွေးနေကြောင်း သိရပါသည်။

မြစ်ကြီးနားစီးပွားရေး ဖွံ့ဖြိုးရေးဇုန် စီမံကိန်း ဘက်စုံပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး ကော်မတီ (MEDZC) နှင့် တရုတ်နိုင်ငံ ယူနန် ထိန်ချုံးဟိန်ယုံ ရင်နှီးမြှုပ်နှံမှု ကုမ္ပဏီလီမီတက် (YTHIC) တို့ဖော်ဆောင်မည့် အဆိုပါစီမံကိန်းအတွက် မြေဧက ၄၇၀၀ ကို အသုံးပြုမည်ဖြစ်သည်။

“ဒီကိစ္စနဲ့ပက်သက်ပြီး ဘယ်သူ့ကိုဘယ်လိုမေးပြီး ဘယ်လိုလုပ်ရမယ်ဆိုဒါကို မသိသေးဘူး။ အခုမှ KNC ပါတီနဲ့ တိုင်ပင်နေကြပြီး ဆန္ဒပြဖို့စီစဉ်နေပေမဲ့ ဆန္ဒပြဖို့တောင် ရွာက လူတွေက ဘာအကြောင်းမသိလို့ အားလုံးကြောက်နေကြပြီး ဘယ်လို စရမှန်းတောင် မသိဘူး။” ဟု နန်ကျင်ဒေသခံ ဒေါ် မရန်ကိုင်ဘူက ပြောပါသည်။

ကချင်အမျိုးသားကွန်ကရက်ပါတီ (KNC) အနေဖြင့် လက်ရှိ နန်ကျင်စီးပွားရေးဇုန် အကောင်ထည်ဖော်ရေး စီမံကိန်းနှင့် ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရထံ အကြိမ်ကြိမ် စာတင်ပြတောင်းခံခဲ့သော်လည်း တုန့်ပြန်ခြင်းမရှိသည့်နောက် ဖွဲ့စည်းလိုက်သည့် ‘ကချင်ပြည်နယ် လူထုလယ်ယာမြေကော်မတီ’ မှ အဆိုပါကိစ္စကို ကိုင်တွယ်ရန် စီစဉ်နေသည်ဟု သိရပါသည်။

“တကယ် MOA မှာ ကချင်ပြည်နယ်က ကျနော်တို့ ပြည်သူတွေကို သူတို့ ဘယ်လိုအလုပ်တွေပေးမယ်။ ဘယ်လောက် ရာခိုင်နှုန်းလုပ်မယ် အဲဒီအချက်တွေပါရမယ်။ အဲအချက်တွေမပါရင် အလကားပဲ ဒါတွေက အရမ်းအရေးကြီးတယ်လို့ ကျနော်မြင်တယ်။” ဟု ကချင်အမျိုးသားကွန်ကရက်ပါတီ (KNC) ဥက္ကဌ ဒေါက်တာ ကောန်လ ပြောဆိုထားပါသည်။

စီမံကိန်းနယ်မြေ လျှော်ကြေးများကို ဗဟိုမှခွင့်ပြုသူ(၄) ဦး နှင့် ဒေသအာဏာပိုင် (၂) ဦး ကိုသာ နှစ်နာကြေးပေးမည် ဖြစ်ပြီး တောင်ယာအတွင်း ကျူးကျော်စိုက်ပျိုးထားသည့် ကျန်ရှိဒေသခံ ၈၀ ဦးခန့်ကို ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၅ ရက်နေ့ နန်ကျင်ကျေးရွာ သတ်မှတ်ဇုန်သို့ နိုင်ငံတော်ဒုတိယသမ္မတ (၂) ဦဟင်နရီဗန်ထီးယူ လာရောက်ခဲ့စဉ် ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာဝန်ကြီး ဦးဝေလင်း ပြောဆိုထားသည်။

တရုတ်ယူနန်ထိန်ချုံးဟိန်ယုံ ကုမ္ပဏီနှင့် ကချင်ပြည်နယ်အစိုးရတို့ကြား စီမံကိန်းအပြန်အလှန်နားလည်မှုစာချွန်လွှာ MOU ကို ၂၀၁၈ မေလ ၈ ရက်နေ့ လက်မှတ်ထိုးခဲ့သည်။ MOA သဘောတူစာချုပ်အဆင့်ကိုမှု ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းတွင် လက်မှတ်ထိုးရန်ဆွေးနွေးနေကြောင်း သိရသည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...