အစိုးရတပ်မတော်နှင့် KIA လိုင်ဇာဌာနချုပ်အနီး တိုက်ပွဲဖြစ်

အစိုးရတပ်မတော်နှင့် KIA လိုင်ဇာဌာနချုပ်အနီး တိုက်ပွဲဖြစ်

အစိုးရတပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အဖွဲ့တို့ကြား အပစ်ရပ်သဘောတူ Bilateral လက်မှတ်ထိုးရန် ကြိုးစားနေချိန် KIO ဗဟိုဌာနချုပ်နယ်မြေ နမ်ဆန်ယန်ကျေးရွာတွင် နိုဝင်ဘာ ၂၉ ရက်နေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

တပ်မတော် ခလရ (၁၄၀) နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ် တပ်မဟာ (၅ ) အောက် ပေါင်စေး (PAU SE) တပ်ရင်းစခန်းတွင် ယမန်နေ့ မနက်ပိုင်း ၁၁ နာရီခန့်တွင် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း KIA ရှေ့တန်းသတင်းများတွင် ဖော်ပြထားပါသည်။

နမ်ဆန်ယန်ကျေးရွာ၏ အနောက်ဘက် ၆ မိုင်ခန့်အကွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အဆိုပါကျေးရွာဒေသခံ တစ်ဦးက ကချင်သတင်းဌာန KNG ကိုပြောပါသည်။

ယခုကဲ့သို့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေစဉ် တပ်မတော်ဘက်မှ စစ်ရေးလှုပ်ရှားမှုများ ပြန်လည် ပြုလုပ်လာသည်မှာ ငြိမ်းချမ်းရေးကို အထောက်အကူမပြုကြောင်း ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဥက္ကဌ ဒေါက်တာတူးဂျာ သုံးသပ်ပြောဆိုပါသည်။

‘‘ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့အချိန် ဒီလိုစစ်ကြောင်းလျှောက်သွားနေတာ မကောင်းဘူး။ ပစ်ခတ်တိုက်ခိုက်မှုတွေပဲ ဖြစ်နေမယ်ဆိုရင် ဘယ်လိုမှ Bilateral အပစ်ရပ်လက်မှတ်ထိုးနိုင်မှာမဟုတ်ဘူး’’ ဟု ပြောပါသည်။

ထို့အပြင် မံစီမြို့နယ် KIA တပ်ရင်း ၂၇ နယ်မြေတွင်လည်း အစိုးရတပ်နှင့် KIA တပ်ဖွဲ့တို့ကြား စစ်ရေးတင်မာမှု ဖြစ်ပွားနေကြောင်း သိရပါသည်။

အစိုးရတပ်နှင့် KIO တို့သည် အပစ်ရပ်လက်မှတ်ထိုးထားခြင်းမရှိသော်လည်း ၂၀၁၈ မှစပြီး တိုက်ပွဲမရှိသလောက် လျှော့နည်းခဲ့ပြီ ဖြစ်ပါသည်။

သို့သော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ရက္ခိုင်တပ် AA ၊ တအောင်းတပ် TNLA ၊ ကိုးကန့်တပ် MNDAA နှင့် အစိုးရတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်ပါသည်။

မြန်မာ့တပ်မတော်မှ ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာလူမျိုးများအပေါ် ကျူးလွန်ခဲ့သည့် လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် တရားစွဲဆိုထားမှုကို ထောက်ခံကြောင်းနှင့် သက်သေအထာက်အထားများကိုလည်း ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့က နိုဝင်ဘာ ၂၈ ရက်နေ့ ထုတ်ပြန်ထားပါသည်။

မြစ်ကြီးနားမြို့၊ ဗလမင်းထင်တံတားအောက် စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်နေတဲ့မြင်ကွင်း
January 31, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့အထင်ကရဖြစ်တဲ့ ဗလမင်းထင်တံတားကြီးအောက်မှာ...
January 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က ထီးချိုင့်မြို့ကို ပြန်လည်ရရှိရေး တော်လှန်ရေးအင်အားစုတွေဘက်က ဇန်နဝါရီလ ၂၈...
January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...