တုန်းဇန်ကျေးရွာတွင် လောင်ခဲ့သည့် ကျောင်းနှင့် ဝန်ထမ်းအိမ်ယာအတွက် ပြည်ထောင်စုတွင် ဘတ်ဂျက်ပြန်လည်တောင်းခံမည်

တုန်းဇန်ကျေးရွာတွင် လောင်ခဲ့သည့် ကျောင်းနှင့် ဝန်ထမ်းအိမ်ယာအတွက် ပြည်ထောင်စုတွင် ဘတ်ဂျက်ပြန်လည်တောင်းခံမည်

တီးတိန်မြို့နယ် တုန်းဇန်ကျေးရွာတွင် အောက်တိုဘာလ(၁၂)ရက်နေ့ညက အ.ထ.က (ခွဲ)ကျောင်းဆောင်နှင့် ဝန်ထမ်းအိမ်ရာများ မီးလောင်ပျက်စီးခဲ့သည့် တန်ဖိုးမှာ သန်း (၁၅၀)ကျော်ရှိပြီး ပြန်လည်ပြုပြင်တည်ဆောင်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရထံ မီးဘေးသင့်အနေဖြင့် ဘတ်ဂျက်ပြန်လည်တောင်းခံသွားရန် စီစဉ်နေကြောင်း လူမှုရေးဝန်ကြီး ဦးပေါင်လွင်မင်းထန်ကပြောသည်။

မီးလောင်မှုတွင် တုန်းဇန်း အ.ထ.က(ခွဲ) ကျောင်းဆောင် တစ်ဆောင်နှင့် ဝန်ထမ်းအိမ်ရာ (၅)လုံး မီးလောင်ပျက်စီးခဲ့သည်။

လူမှုရေးဝန်ကြီး ဦးပေါင်လွင်မင်းထန်က “အခုလောင်သွားတာက ကျောင်းတစ်ကျောင်းလုံးရဲ့ တစ်ဝတ်ကျော်လောက် လောင်သွားတာဖြစ်တယ်။ ပျက်စီးဆုံးရှုံးတဲ့ တန်ဖိုးက အားလုံး သန်း(၁၅၀)ကျော်လောက် ဆုံးရှုံးပျက်စီးသွားတာဖြစ်တယ် ဆိုတော့ ဒီဟာကို ပြန်ရဖို့က ပြည်ထောင်စုမှာလည်း မီးဘေးဒဏ်အနေနဲ့ တောင်းခံဖို့ စီစဉ်ထားတယ်။ လောလော ဆယ်ကျောင်းသူကျောင်းသားတွေ စာသင်တာ မပျက်သွားအောင် ဘုရားကျောင်းမှာတွေ သင်ပေးဖို့ ပြင်ဆင်ပေးနေတယ်”ဟုပြောသည်။

တုန်းဇန်း အ.ထ.က(ခွဲ) ကျောင်းတွင် ကျောင်းသူ၊ ကျောင်းသား လေးရာကျော် ပညာသင်ကြားလျှက် ရှိပြီး ကျောင်းတစ်ဝတ်ကျော် မီးလောင်ပျက်စီးသွားခြင်းကြောင့် ကျောင်းသူ/သားများ သင်ကြားရေးပိုင်း မပျက်ရန် စီစဉ်ဆောင်ရွက်မှုများလည်း ပြုလုပ်နေကြောင်း ဝန်ကြီးကဆက်ပြောသည်။

သူက “လောလောဆယ်တော့ ကျောင်းပြန်တတ်နိုင်အောင် စီစဉ်ပေးဖို့ လိုပါတယ် တချို့ဘုရားကျောင်းမှာ ကျောင်းတတ်နိုင်ဖို့ စာသင်ခုံ စာပွဲး ကုလားထိုင်တွေရအောင် ကျွန်တော်တို့ စီစဉ်ပေးလိုက်တယ်။ ကျောင်းကအများပိုင် ဖြစ်ပေမဲ့ တာဝန်ရှိတဲ့သူတွေက သေချာထိန်းသိမ်းဖို့လိုတယ်။ လေဘေး၊ မီးဘေးဆိုတာက ရှိတယ်။ အခုလိုလောင်သွားတော့ ဆုံးရှုံးမှုတွေက တော်တော်များများ ဆုံးရှုံးနစ်နာ ပါတယ်။ အခုလိုတစ်ခုခု ဖြစ်လာရင်လည်း ကလေးတွေရဲ့ရှေ့ရေးကို ထောက်ရှုပြီးအမြန်ဆုံး အစိုးရနဲ့ အလှူရှင်တွေရော ပူးပေါင်းပြီးတော့ ကျောင်းကျောင်းမြန်မြန် ရဖို့ ဆောင်ရွက်ဖို့လည်းရှိတယ်”ဟုပြောသည်။

တုန်းဇန် အ.ထ.က(ခွဲ) ကျောင်းတွင်း မီးလောင်မှုသည် သီတင်းကျွတ်ကျောင်းပိတ်ရက်ပြန်သွားသည့် ကျောင်းဆရာမ တစ်ဦး၏ နေအိမ်မှ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး တရားခံသိရှိနိုင်ရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...