အခြေခံလူတန်းစား နားလည်နိူင်ရန် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို ချင်းဘာသာ (၆) မျိုးဖြင့် ဘာသာပြန်

အခြေခံလူတန်းစား နားလည်နိူင်ရန် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို ချင်းဘာသာ (၆) မျိုးဖြင့် ဘာသာပြန်

ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို အခြေခံလူတန်းစားများ သိရှိနားလည်နိူင်ရန် ချင်းတိုင်းရင်းသား ဘာသာ (၆) မျိုးဖြင့် ဘာသာပြန်ဆိုထားကြောင်း တိုင်းရင်းသားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာထံမှသိရသည်။

ချင်းပြည်နယ် တိုင်းရင်းသားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦး ထန်မွမ်းခိုင်က “အဓိက ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ ကမ္ဘာ့လူအခွင့်အရေး ကြေညာစားတမ်းမှာ ပါတဲ့ အခွင့်အရေးတွေ ဗမာလိုရေးတယ်၊ အင်္ဂလိပ်လိုရေးတော့ ဒေသအသီးသီးက သိပ်ပြီးနားမလည်ဘူး၊ အနှစ်သာရကို မသိကြတော့ အလေးမထားနိူင်ကြဘူး၊ ကိုယ့်အခွင့်အရေးရှိမှန်းတောင် မသိကြဘူး၊ ဒါတွေကိုနားလည်နိူင်အောင် အများစုနားလည်နိူင်တဲ့ ချင်းဘာသာ (၆) မျိုးနှင့် ဘာသာပြန်ဆိုခြင်း ဖြစ်တယ်” ဟု ပြောသည်။

ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို ဖလမ်း (လိုင်ဇိုး)၊ မင်းတပ် (ချိုး)၊ ပလက်၀ (ခူမီး)၊ တီးတိန် (ဇိုမီး)၊ ဟားခါး (လိုင်) နှင့် မတူဘာသာတို့ဖြင့် ဘာသာပြန်ခြင်းဖြစ်သည်။

ယခုကဲ့သို့ဘာသာပြန်ဆိုရခြင်းသည် ချင်းတိုင်းရင်းသားများအနေဖြင့် မိမိ အခွင့်အရေးကို ပိုမိုသိရှိရန် နှင့် ကိုယ့်အခွင့်အရေးအသုံးချတတ်ရန်ရည်ရွယ်ချက်ဖြင့် ဘာသာပြန်ဆိုခြင်း ဖြစ်သည်။

သူက ဆက်ပြီး “အပြည်ပြည်ဆိုင်ရာကနေ ကိုယ့်အတွက် အခွင့်အရေးဘယ်လို ပေးထားတယ် ဆိုတဲ့ဟာကို ရှင်းလင်းချင်တဲ့ သဘောနဲ့ လုပ်ပေးတာဖြစ်တယ်၊ နောက်ပြီး ချင်းတိုင်းရင်းသား ပုံပြင်တွေကိုလည်း ဘာသာပြန်ဖို့ လုပ်ဆောင်နေတယ်” ဟု ပြောသည်။

မြန်မာနိူင်ငံတွင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနကို ၂၀၁၆ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသားတို့၏ ဘာသာစကား၊ ရိုးရာဓလေ့နှင့် ယဉ်ကျေးမှုတို့ကို ကာကွယ်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...