၂၀၂၀ ရွေးကောက်ပွဲအတွက် ချင်းပြည်နယ်အတွင်း မသန်စွမ်းမဲပေးပိုင်ခွင့်ရှိသူ ၃ ထောင်နီးပါးရှိ

၂၀၂၀ ရွေးကောက်ပွဲအတွက် ချင်းပြည်နယ်အတွင်း မသန်စွမ်းမဲပေးပိုင်ခွင့်ရှိသူ ၃ ထောင်နီးပါးရှိ

ချင်းပြည်နယ်တွင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် အခြေခံမဲစာရင်းအရ မသန်စွမ်းမဲပေးပိုင်ခွင့်ရှိသူ သုံးထောင်နီးပါးရှိကြောင်း ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးလင်းကျော်ကပြောသည်။

ရွေးကောက်ပွဲကော်မရှင် အရာရှိဦးလင်းကျော်က “အခြေခံမဲစာရင်းရဲ့ ကိန်းဂဏန်းအရတော့ တစ်ပြည်နယ်လုံးမှာ မသန်စွမ်း မဲပေးနိုင်တဲ့ ဦးရေက ၂၈၇၃ ဦးရေရှိတယ် ဒီထက်မကလည်း ပိုရှိနိုင်တယ်။ မသန်စွမ်းမဲပေးနိုင်တဲ့ သူတွေထဲမှာ ကိုယ်အင်္ဂါမသန်စွမ်းသူ ၁၇၀၀ ဦး၊ အမြင်အာရုံမသန်စွမ်းသူ ၄၁၆ဦး၊ အကြားအာရုံမသန်စွမ်း ၇၁ဝဦး၊ ညဏ်ရည်ပိုင်းမသန်စွမ်းသူ ၆၄ဝဦးရှိတယ်။ အခြေခံမဲစာရင်းအရ စုစည်းထားတာဖြစ်တယ် ဒီထက်မကလည်း ပိုရှိနိုင်တယ် နောက်မှထပ်ပြီး စိစစ်လုပ်ဆောင်သွားမှာဖြစ်တယ်”ဟုပြောသည်။

မသန်စွမ်းမဲဆန္ဒရှင်များအတွက် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှသာ ထဲထဲဝင်ဝင် ထည့်သွင်းစဉ်းစားခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် မသန်စွမ်းမဲဆန္ဒရှင်များအတွက် ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဆောင်ပေးနိုင်ခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးလင်းကျော်ကပြောသည်။

ဦးလင်းကျော်က “၂၀၁၅တုန်းက မသန်စွမ်း မဲဆန္ဒရှင်တွေနဲ့ ပက်သက်ပြီး ဒီလောက်ထိ ထဲထဲဝင်ဝင်မစဉ်းစားခဲ့ဘူး။ ၂၀၁၇ ကြားဖြတ်မှာဘဲ အခုလိုစလုပ်ခဲ့တာဖြစ်တယ်။ ဒီ၂၀၂၀ ရွေးကောက်ပွဲတွက်ဆိုရင်တော့ မဲရုံတိုင်းမှာ ဘယ်လိုမသန်စွမ်း ဘယ်နှစ်ယောက်ရှိလဲ သေချာကောက်တယ်။ နောက်ပြီး မြို့နယ်တွင်းမှာရှိတဲ့ မသန်စွမ်းအဖွဲ့စည်းတွေပါ ခေါ်ပြီးတော့ ဒါမှမဟုတ် သူတို့ဆီသွားပြီးမှ ဘယ်နှစ်ယောက်ရှိလဲ လိပ်စာတွေကအစ ထဲထဲဝင်ဝင်လုပ်သွားမှာဖြစ်တယ်”ဟုပြောသည်။

ယခုကဲ့သို့ မသန်စွမ်းမဲဆန္ဒရှင်များ ရွေးကောက်ပွဲတွင် ထဲထဲဝင်ဝင်ပါဝင်လာနိုင်ရန်အတွက် ၂၀၁၇ ခုနှစ်ကတည်းက စီမံချက်ရေးဆွဲထားပြီးဖြစ်ကြောင်းလည်း သိရှိရသည်။

ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးလင်းကျော်က “မသန်စွမ်းတွေနဲ့ ပက်သက်ပြီး မဲရုံမှာကိုယ်တိုင်လာပေးနိုင်တဲ့ အနေထားဖြစ်အောင် ၂၀၁၇ တုန်းကလိုဘဲ မသန်စွမ်းမဲဆန္ဒရှင်ကိုယ်တိုင်် မဲရုံမှာ ကို်ယ်တိုင်တာဝန်ထမ်းဆောင်နိုင်ရင် တခြားမသန်စွမ်း မဲဆန္ဒရှင်တွေ ငါတို့မသန်စွမ်းတွေလည်း မဲရုံကို ကိုယ့်ဟာကိုယ် တာဝန်ထမ်းဆောင်နိုင်တာဘဲဆိုပြီး မဲရုံမှာမဲ လာပေးချင်တဲ့ စိတ်ဖြစ်အောင် ၂၀၁ရမှာလုပ်ခဲ့တယ် ၂၀၂ဝမှာ ကျယ်ကျယ်ပြန့်ပြန့်လုပ်သွားမယ်”ဟုပြောသည်။

ချင်းပြည်နယ်အတွင်း လာမည့်၂၀၂ဝရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူမှာ ၂၀၁၅ ခုနှစ်ကထက် မဲပေးပိုင်ခွင့်ရှိသူ လူဦးရေ ခြောက်သောင်းကျော် တိုးလာပြီး လက်ရှိ အခြေခံမဲစာရင်းအရ မဲပေးပိုင်ခွင့်ရှိသူ (၃၇၀၀၀၀)ဦးရေရှိသည်။

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...