အေအေ ပြန်လွတ်ပေးသည့် ကင်းတလင်းရွာသားများ မီးဇာကျေးရွာသို့ရောက်ရှိ

အေအေ ပြန်လွတ်ပေးသည့် ကင်းတလင်းရွာသားများ မီးဇာကျေးရွာသို့ရောက်ရှိ
မီးဇာကျေးရွာရှိ ကင်းတလင်းစစ်ဘေးရှောင်များနေထိုင်ရာတဲအိမ်များ
မီးဇာကျေးရွာရှိ ကင်းတလင်းစစ်ဘေးရှောင်များနေထိုင်ရာတဲအိမ်များ

ရက္ခိုင့်တပ်မတော် (အေအေ) တပ်ဖွဲ့မှ ပြန်လွတ်ပေးသည့် ကင်းတလင်းရွာသား ၃၉ ဦးတို့သည် ယနေ့နံနက်ပိုင်း ၁၁ နာရီခွဲ ခန့်က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာသို့ ပြန်လည်ရောက်ရှိကြပြီဖြစ်သည်။

အေအေတပ်ဖွဲ့မှ ၅ လကျော်ကြာ ဘင်္ဂလားဒေရှ့်နယ်စပ်ဘက်သို့ ဖမ်းဆီးထားသည့် အဆိုပါကင်းတလင်းရွာသား ၃၉ ဦးတို့ ကို ဇူလိုင်လ ၃၁ ရက်နေ့က ပြန်လွတ်ပေးခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ဒူးချောင်းဝကျေးရွာအုပ်ချူပ်မှူးနှင့်အဖွဲ့က မီးဇာကျေးရွာ အထိ လိုက်ပို့ခဲ့သည်ဟု မီးဇာကျေးရွာရှိဒေသခံတစ်ဦးကပြောသည်။

“ သူတို့မီးဇာကျေးရွာကို ဒီနေ့ဘဲရောက်ရှိလာကြပါတယ်၊ အားလုံး ၃၉ ယောက်ဖြစ်ပါတယ်၊ ကျန်းမာရေးမကောင်းတဲ့သူ တစ်ချိူ့ပါတယ်၊ ခု သူတို့ထဲက အိမ်ထောင်ဦးစီးတွေကိုတော့ ထရွန်အိုင်တပ်စခန်းကခေါ်ပြီး အချက်အလက်တွေမေး မြန်း နေတယ်လို့သိရတယ်’’ ဟု အဆိုပါဒေသခံကပြောသည်။

အဆိုပါ ၃၉ ယောက်တို့သည် အမျိူးသား ၈ ယောက်၊ အမျိူးသမီး ၁၀ ယောက်နှင့် အသက် ၁၈ နှစ်အောက် ယောင်္ကျားလေး ၅ ယောက်၊ မိန်းကလေး ၁၅ ယောက် အိမ်ထောင်စု ၁၀ စုဖြစ်ပြီး ယခုလောလောဆယ်တွင် ၎င်းတို့ကို မီးဇာကျေးရွာရှိ တိုက်နယ်ဆေးရုံခန်းမဆောင်တွင် နေရာချထားပေးသည်ဟု သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့က ကင်းတလင်းရွာသား ၅၂ ဦးကို ဘင်္ဂလားဒေရှ့်နယ်စပ်ဘက်သို့ အေအေ တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ယင်းတို့အနက် ရွာသား ၁၂ ဦးတို့သည် ဇွန်လ ၂၆ ရက်နေ့က အေအေ တပ်စခန်းမှ ထွက်ပြေးလွတ်မြောက်လာခဲ့ကြသည်။

တပ်စခန်းတွင်ကျန်ရှိနေသေးသည့် ၃၉ ဦးတို့သည် မိုးတွင်းကာလရောက်လာသည့်အတွက် ၎င်းတို့နေထိုင်ရေး အခက်အခဲရှိ၍ နဂိုမူလကျေးရွာသို့ပြန်လည်နေထိုင်လိုကြောင်းတင်ပြတောင်းဆိုလာသောကြောင့် ဇူလိုင်လ (၃၁) ရက်နေ့ နံနက်ပိုင်း (၉) နာရီက အုန်းသီး၀ ကျေးရွာရှိ ရပ်မိရပ်ဖများထံ ကောင်းမွန်စွာအပ်နှံခဲ့သည်ဟု အေအေတပ်ဖွဲ့က ဇူလိုင်လ (၃၁) နေ့က ထုတ်ပြန်ခဲ့သည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...