ဂွမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁၄)ဆောင်ပျက်စီး

ဂွမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁၄)ဆောင်ပျက်စီး

ရခိုင်ပြည်နယ်တောင်ပိုင်း၊ ဂွမြို့နယ်၊ ရမ္မာကျွန်းကျေးရွာတွင် ဇူလိုင်လ ၂၇ ရက်နေ့၊ နံနက်ပိုင်းက လေဆင်နှာမောင်းတိုက်ခိုက်ခဲ့သောကြောင့် နေအိမ် (၁၄) ဆောင်ပျက်စီးသွားသည်ဟု ဒေသခံများထံက သိရသည်။

အိမ်(၁၄)ဆောင်အနက် ဓနိမိုး၊ထရံကာ နေအိမ် (၃)ဆောင်မှာ လုံးဝပျက်စီးသွားသည်ဟု  ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသုခက ပြောသည်။

“အိမ်တွေကတော့ ခေါင်မိုးတွေမှာ အကုန်ကွာကုန်တာပေါ့။ လေဆင်နှာမောင်းက ရုတ်တရက် တိုက်သွားတာလေ။ မုန်တိုင်းတွေလို ဘယ်အချိန်တိုက်မယ်ဆိုတာ မသိရပါ” ဟု ၎င်းက ဆိုသည်။

ထိုသို့ လေဆင်နှာမောင်းတိုက်ခိုက်ခဲ့မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှု မရှိခဲ့ပေ။ လက်ရှိတွင် နေအိမ်ပျက်စီးသွားသူများမှာ ကျေးရွာရှိ ဆွေမျိုးနေအိမ်များတွင် သွားရောက်ခိုလှုံနေကြသည်။

“ပျက်ဆီးသွားတဲ့ အိမ်ပိုင်ရှင်တွေကတော့ သူတို့ရဲ့ မိသားစုဝင်အိမ်တွေမှာ သွားနေကြပါတယ်။ အခုတော့ ဝါးလေးတွေ၊ သစ်လေးတွေ ခုတ်ပြီးတော့ ဆောက်တဲ့သူတွေ ဆောက်နေပါပြီ။ နေစရာမရှိလုပ်ရတာပေါ့” ဟု ဦးသုခကပြောသည်။

လက်ရှိတွင် ပျက်စီးနေအိမ်မိသားစုများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ယာယီနေအိမ်များ ဆောက်ပေးလျက်ရှိကြောင်း သိရသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...