တိုက်ပွဲဖြစ်ပွားမှုကြောင့် မင်းပြားဒေသခံများ ထွက်ပြေးနေရ

တိုက်ပွဲဖြစ်ပွားမှုကြောင့် မင်းပြားဒေသခံများ ထွက်ပြေးနေရ

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ မင်းပြားမြို့နယ်၊ ကုလားမတောင်ကျေးရွာအနီးတွင် ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့၊ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားနေသောကြောင့် ရွာသားအမြောက်အများ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်ဟု ဒေသခံများထံက သိရသည်။

အိမ်ခြေ ၃၀၀ ကျော်ခန့်ရှိသော ကုလားမတောင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေသောကြောင့် ရွာထဲသို့ လက်နက်ကြီးကျည်ဆန်များ ကျရောက်လာမည်ကို စိုးရိမ်၍ မင်းပြားမြို့၊ စေကန် စသည့် နီးစပ်ရာကျေးရွာများသို့ စက်လှေများဖြင့် ထွက်ပြေးနေကြရသည်။

“ရွာကလူတွေကတော့ ထွက်ပြေးသွားကြပြီ။ လူမရှိတဲ့အိမ် များပါတယ်။ ရွာမှာလူမရှိတော့ ရွာလုံခြုံရေးအတွက် ကျွန်တေ်တို့နဲ့ လူကြီးပိုင်းတစ်ချို့က ကျန်လိုက်ရတယ်” ဟု ကုလားမတောင်ကျေးရွာမှ ဦးသန်းဦးက  ပြောသည်။

ဇူလိုင်လ ၂၆ ရက်နေ့ကလည်း တပ်မတော်နှင့် AA တို့ ဘူးသီးတောင်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်များ၌ တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအစောပိုင်းကပင် စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ဘေးရှောင် (၅)သောင်းကျော်အထိ ရှိလာပြီဖြစ်သည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...