ဟားခါးမြို့သစ်စီမံကိန်းအတွင်း ကျူးကျော်နေထိုင်သူများကို ဥပဒေအတိုင်းအရေးယူဆောင်ရွက်မည်ဟု ဆို

ဟားခါးမြို့သစ်စီမံကိန်းအတွင်း ကျူးကျော်နေထိုင်သူများကို ဥပဒေအတိုင်းအရေးယူဆောင်ရွက်မည်ဟု ဆို

ဟားခါးမြို့သစ် စီမံကိန်းအတွက် ရာထားသည့် မြေနေရာများတွင် နေအိမ်များဆောက်လုပ်ပြီး အခြေချနေထိုင်သူ များကို သတ်မှတ်ထားသည့်အချိန်အတွင်း မိမိနေအိမ်များဖျက်၍ ထွက်ခွါခြင်းမပြုပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဟု ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

“အခုက သူတို့က ဒီလိုကျူးကျော်နေတဲ့အတွက်မြေကွက်က ချလို့မရဘူး မထွက်သွားရင်ကျွန်တော်တို့မှာ By law ရှိတယ်လေ စည်ပင်ဥပဒေတွေရှိတယ် ထွေအုပ်ဥပဒေတွေရှိတယ် နောက်မြေသိမ်းဥပဒေတွေရှိသေးတယ် အဲ့ဒီအတိုင်းပဲလုပ်မယ် ကျွန်တော်တို့ သတိပေးတာ သုံးကြိမ်ရှိသွားပြီ သူတို့က ဘယ်ကလာမှန်းမသိဘူး ကျွန်တော်တို့က မြေကွက်လျှောက်တဲ့လူူကို စနစ်တကျနဲ့ အဲဒီမြေပေါ်မှာ အကွက်ပေါ်တဲ့ဟာကို မဲနှိပ်ခိုင်းပြီးဖြစ်ဖြစ်၊ သူ့ရဲ့သတ်မှတ်တဲ့လုပ်ထုံးလုပ်နည်းနဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ဖြစ်ဖြစ်ပေးမယ် သူတို့အခုလို သူတို့ဟာသူ ပွဲစားနဲ့ ညှို့ပြီး ဝယ်ချင်သလိုဝယ် ကြိုဆောက်ချင်သလိုဆောက်တဲ့ဟာကျတော့လည်း မြို့တော်ဏ္ဍာရပ်နဲ့လုံးဝမညီဘူး အဲဒါကြောင့် ကျွန်တော်တို့က ဘယ်ကလာမှန်းမသိတဲ့သူတွေကို ပြန်ပြီးတော့ ကိုယ်နေရာကိုပြန်သွားဆိုတဲ့သဘော လက်ရှိကျွန်တော်တို့စီမံကိန်းမှာ ကျူးကျော်တဲ့သူတွေကို ကိုယ့်နေရာကိုပြန်သွား သူ့အဆောက်အဦးကိုလည်းပြန်ဖျက်သွား ကျွန်တော်တို့က ဖျက်ချင်နေတာမဟုတ်ဘူး သူတို့က မတော်လောဘနဲ့ကျူးကျော်နေတာ’’ ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။

အဆိုပါမြို့သစ်စီမံကိန်းကို ဟားခါးမြို့မှ ထန်တလန်မြို့သွား ကားလမ်းနဘေး ဂေါက်ကွင်းအနီးတွင် အကောင်ထည်ဖော်ဆောင်နေခြင်းဖြစ်သည်။ နဂိုက လူနေအိမ် (၈) လုံးသာရှိပြီး စီမံကိန်းစတင်အကောင်အထည်ဖော်လာပြီး လမ်းဖောက်လုပ်သည့်နောက်ပိုင်းကစ၍ တဖြည်းဖြည်းနှင့် ပြောင်းရွှေ့အခြေချနေထိုင်သူများလာကာ ယခုအခါ အိမ်ခြေ (၁၃၅) လုံးရှိပြီဟု ဝန်ကြီးကဆက်ပြောသည်။

အဆိုပါမြေနေရာသည် ရှေးယခင်ကတည်းက ဘိုးဘွားပိုင်မြေများဖြစ်ပြီး လယ်ပိုင်ရှင်များကို ဆွေးနွေး ညှိနှိုင်းမှုမရှိဘဲ မြို့သစ်စီမံကိန်းအတွက် မြေလွတ်မြေလတ်မြေရိုင်းဟုဆိုကာ ချင်းပြည်နယ်အစိုး ရက လျှော်ကြေးတစ်စုံတစ်ရာမပေးဘဲ သိမ်းယူသွားချင်းဖြစ်သည်ဟု ချင်းတောင်သူများအဖွဲ့မှ ဦး Hrang Kil ကပြောသည်။

“အခုအဲဒီမှာနေတဲ့သူတွေက ကျူးကျော်တွေမဟုတ်ဘူး မြေပိုင်ရှင်တွေပဲ ဟိုးအရင်တုန်းကမြေပိုင်ရှင်တွေက ရောင်းပြီးတော့လေ ဝယ်ကြတဲ့သူတွေက အိမ်ဆောက်ပြီးနေကြတာပါ’’ ဟု ဦး Hrang Kil ကပြောသည်။

ဟားခါးမြို့သစ်စီမံကိန်းဧရိယာအတွင်း ဆောင်လုပ်နေထိုင်ကြသော နေအိမ်များကို နောက်လအတွင်း ဖျက်သိမ်းပြီး မပြောင်းရွှေ့သူများကို ချင်းပြည်နယ်အစိုးရက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟုသိရသည်။ သို့သော်လည်း အဆိုပါဒေသခံတွင် နေထိုင်သူများကမူ ပြောင်းရွှေ့ရန်ငြင်းဆန်နေကြဆဲဖြစ်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...