အိန္ဒိယ-မြန်မာ အမှတ်(၂) နယ်စပ်ကုန်သွယ်ရေးဂိတ် ယနေ့ပြန်ဖွင့်

အိန္ဒိယ-မြန်မာ အမှတ်(၂) နယ်စပ်ကုန်သွယ်ရေးဂိတ် ယနေ့ပြန်ဖွင့်

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အကောက်ခွန်ဌာနချူပ်မှ ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်နေ့ကစ၍ ပိတ်ပင်လိုက်သည့် အိန္ဒိယ-မြန်မာအမှတ်(၂) ရိခေါဒါရ် - ဇိုခေါဒါရ်နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ယနေ့ဇူလိုင်လ ၁၇ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ် လိုက်ပြီဟု သိရသည်။

နှစ်နိုင်ငံချစ်ကြည်ရေးတံတားကို ယနေ့မွန်းလွဲပိုင်း ၂ နာရီခန့်က မီဇိုရမ်ပြည်နယ်အကောက်ခွန်ဌာနမှ ပြန်လည်ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး ယခုကဲ့သို့ပြန်လည်ဖွင့်ပေးသည့်အကြောင်းရင်းကိုမူ မသိရကြောင်း ရိခေါဒါရ်ဒေသခံတစ်ဦးကပြောသည်။

“ဒီနေ့ ၂ နာရီလောက်ကပြန်ဖွင့်ပေးလိုက်တာ အခု ဟိုဘက်ကမ်းကို ကုန်တွေ ပြန်ကူးနေကြပြီ၊ ဘာကြောင့်ပြန်ဖွင့်ပေးလဲ၊ ဘယ်ချိန်ထိဖွင့်ပေးမလဲဆိုတာတော့ မသိရဘူး’’ ဟု၎င်းကပြောသည်။

ရိဒ်-ဇိုခေါဒါရ်နယ်စပ်ကုန်သွယ်ရေးစခန်းသည် အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် ဒုတိယအကြီးဆုံးကုန်သွယ်ရေးစ ခန်းဖြစ်သည်။

(နယ်စပ်ဂိတ်ပြန်ဖွင့်ပြီးနောက် တဖက်အိန္ဒိယဘက်သို့ မြန်မာကုန်ပစ္စည်းများပို့ဆောင်နေကြစဉ်)

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...