အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အကောက်ခွန်ဌာနချူပ်မှ ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်နေ့ကစ၍ ပိတ်ပင်လိုက်သည့် အိန္ဒိယ-မြန်မာအမှတ်(၂) ရိခေါဒါရ် - ဇိုခေါဒါရ်နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ယနေ့ဇူလိုင်လ ၁၇ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ် လိုက်ပြီဟု သိရသည်။
နှစ်နိုင်ငံချစ်ကြည်ရေးတံတားကို ယနေ့မွန်းလွဲပိုင်း ၂ နာရီခန့်က မီဇိုရမ်ပြည်နယ်အကောက်ခွန်ဌာနမှ ပြန်လည်ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး ယခုကဲ့သို့ပြန်လည်ဖွင့်ပေးသည့်အကြောင်းရင်းကိုမူ မသိရကြောင်း ရိခေါဒါရ်ဒေသခံတစ်ဦးကပြောသည်။
“ဒီနေ့ ၂ နာရီလောက်ကပြန်ဖွင့်ပေးလိုက်တာ အခု ဟိုဘက်ကမ်းကို ကုန်တွေ ပြန်ကူးနေကြပြီ၊ ဘာကြောင့်ပြန်ဖွင့်ပေးလဲ၊ ဘယ်ချိန်ထိဖွင့်ပေးမလဲဆိုတာတော့ မသိရဘူး’’ ဟု၎င်းကပြောသည်။
ရိဒ်-ဇိုခေါဒါရ်နယ်စပ်ကုန်သွယ်ရေးစခန်းသည် အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် ဒုတိယအကြီးဆုံးကုန်သွယ်ရေးစ ခန်းဖြစ်သည်။
(နယ်စပ်ဂိတ်ပြန်ဖွင့်ပြီးနောက် တဖက်အိန္ဒိယဘက်သို့ မြန်မာကုန်ပစ္စည်းများပို့ဆောင်နေကြစဉ်)







