ရခိုင်ပြည်နယ်အတွက် ဘေးအန္တရာယ်လျှော့ပါးရေး အစီအမံများရေးဆွဲနေ

ရခိုင်ပြည်နယ်အတွက် ဘေးအန္တရာယ်လျှော့ပါးရေး အစီအမံများရေးဆွဲနေ

ရခိုင်ပြည်နယ်သည် ကမ်းရိုးတန်းဒေသတွင်ရှိသည့် ဒေသဖြစ်သောကြောင့် နှစ်စဉ် သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြံုံတွေ့လျက်ရှိသဖြင့် ဘေးအန္တရာယ် မကျရောက်မီ ကြိုတင်ပြင်ဆင်နိုင်ရန် အသိပညာပေးမှုများ  ပြုလုပ်နိုင်ရန်အတွက်  ပြည်နယ်အဆင့်ဆွေးနွေးမှုများ ပြုလုပ်နေသည်။

ထိုဆွေးနွေးမှုကို စစ်တွေမြို့၊ မင်းသူရိယခန်းမတွင်ပြုလုပ်နေပြီး ဌာနဆိုင်ရာ အကြီးအကဲများနှင့်  ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) အဖွဲ့အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ နှစ်ရက်တာ ဆွေးနွေးနေကြသည်။

ရခိုင်ပြည်နယ်သည် ယခင်က ဘေးအန္တရာယ်အမျိုးမျိုး ကျရောက်မှုရှိခဲ့သဖြင့် အခက်အခဲများ နှင့် ရင်ဆိုင်ခဲ့ရပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။ ယခု ထိုသို့ မဖြစ်အောင်အတွက် ကြိုတင်အစီအမံများပြုလုပ်ရန် လိုအပ်သောကြောင့် ဝန်ကြီးဌာနများ၏ ညွှန်ကြားချက်အရ  ဆွေးနွေးမှုပြုလုပ်နေခြင်းဟု  IOM ၏ အမျိုးသားအစီအစဉ် အရာရှိဒေါ်အေးသိမ့်သူက ပြောသည်။

“ဘေးအန္တရာယ်တစ်ခုကို ကျရောက်မှ တုန့်ပြန်တာထက်၊ မကျရောက်ခင်ကတည်းက ဘယ်လိုမျိုးကောင်းမွန်တဲ့  ကြိုတင်ပြင်ဆင်မှု လုပ်ငန်းတွေလုပ်သင့်တာလဲဆိုတာကို  ဆွေးနွေးအဖြေရှာတာဖြစ်တယ်” ဟု ၎င်းက ဆက်လက်ဆိုသည်။

ယခုရက်ပိုင်းအတွင်းတွင် မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်တို့တွင် ရေကြီးမှုများဖြစ်ပေါ်နေသဖြင့်  ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်မှုများရှိနေသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...