ပလက်ဝနှင့်ရခိုင်ပြည်မြောက်ပိုင်းအတွင်း စစ်ပွဲရပ်တန့်ရေး ရန်ကုန်တွင် ဆန္ဒထုတ်ဖော်မည်

ပလက်ဝနှင့်ရခိုင်ပြည်မြောက်ပိုင်းအတွင်း စစ်ပွဲရပ်တန့်ရေး ရန်ကုန်တွင် ဆန္ဒထုတ်ဖော်မည်
Khumi Media Facebook
Khumi Media Facebook

ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ရက္ခိုင့်တပ်မတော်AAနှင့် မြန်မာတပ်မတော်အကြား စစ်ပွဲများဖြစ်ပွားမှု ရပ်တန့်ပေးရန် လူထုလှူရှားမှုကို ရန်ကုန်ရှိချင်းပြည်သူများမှ ဇွန်လိုင်လ(၁၃)ရက်နေ့တွင် ပြုလုပ်သွား ကြမည်ဖြစ်ကြောင်းသိရှိရသည်။

ရန်ကုန်ရှိချင်းပြည်သူများမှ ဇွန်လိုင်လ(၁၃)ရက်နေ့ မနက်ပိုင်း ဆယ်နာရီအချိန်တွင် အောင်ဆန်းကစားကွင်းရှေ့နှင့် ဘူတာကြီးရှေ့တွင် လူစုပြီး ဖြစ်မြောက်ရေး ကော်မတီမှ ထုတ်ဝေပေးသော ဗီနိုင်း၊ ပိုစတာများကိုင်ကာ လမ်းလျှောက်ကြမှာဖြစ်ပြီး နောက် မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံရှေ့တွင် ဟောပြောပွဲများကိုလည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း လူထုလှူရှားမှုတွင် ဦးဆောင်သူ တစ်ဦးဖြစ်သူ ဆလိုင်းကျဲအိုဘိခ်ထောင်းကပြောသည်။

လူထုလှူရှားမှုတွင် ဦးဆောင်သူတစ်ဦးဖြစ်သည့် ဆလိုင်းကျဲအိုဘိခ်ထောင်းက “ပလက်ဝမှာရှိတဲ့ချင်းတွေရော ရခိုင်ပြည်နယ်မှာရှိတဲ့ ချင်းတွေရော စစ်ဘေးရှောင် အားလုံးရှစ်ထောင်နီးပါးရှိနေပြီ။ စစ်ပွဲတွေကြောင့် ထိခိုက်ဆုံးရှုံးတဲ့သူတွေ ဒဏ်ရာရတဲ့သူတွေ အသက်အိုးအိမ် ဆုံးရှုံးတဲ့သူတွေ အမျိုးမျိုးနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့သူတွေရှိတယ်။ အဲဒါတွေကြောင့် အဓိကအဖွဲ့အစည်း နှစ်ခုဖြစ်တဲ့ ရက္ခိုင့် တပ်မတော်AAနဲ့ မြန်မာတပ်မတော်အကြား စစ်ပွဲတွေရပ်တန့်ပေးနိုင်ရန် ဆန္ဒပြတောင်းဆိုမှာဖြစ်တယ်။ ချင်းပြည်သူလူထုရဲ့ တောင်းဆိုသံကို သက်ဆိုင်ရာ အဖွဲ့အစည်းနှစ်ခုက အထူးတလည် စဉ်းစားနားထောင်ပေးပြီးမှ ဆောင်ရွက်ပေးမယ်လို့ ကျွန်တော်တို့မျော်လင့်ပါတယ်။ အဲလိုမဟုတ်ဘဲနဲ့ သူတို့က မျက်ကွယ်ပြုနေမယ် မထီမဲ့မြင်ပြုနေမယ်ဆိုရင်  ချင်းပြည်သူအနေနဲ့  သည်းခံနိုင်တဲ့အတိုင်းအတာ ကျော်သွားရင် ဘယ်သူအတွက်မှ ကောင်းနိုင်မှာမဟုတ်ဘူး”ဟုပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း ရက္ခိုင့်တပ်မတော်AAမှ ဖမ်းဆီးထားသော ကင်းတလင်းရွာသားများထဲ လူဦးရေ (၁၂)ဦးထွက်ပြေးလွှတ်မြောက်လာခဲ့ပြီး လက်ရှိ ရက္ခိုင့်တပ်မတော်AAစခန်းတွင် ကင်းတလင်းရွာသား (၃၉)ကျန်ရှိနေ သေးကြောင်းလည်း သိရှိရသည်။

Most read this week

ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...