မောင်တောဒေသ ပြန်လည်ထူထောင်ရေးအတွက် အိန္ဒိယနိုင်ငံက လှူဒါန်းသည့်နေအိမ် (၂၀၀) ကျော်ကို လွဲှပြောင်း

မောင်တောဒေသ ပြန်လည်ထူထောင်ရေးအတွက် အိန္ဒိယနိုင်ငံက လှူဒါန်းသည့်နေအိမ် (၂၀၀) ကျော်ကို လွဲှပြောင်း

၂၀၁၇ ခုနှစ်၊အကြမ်းဖက်မှုဖြစ်စဉ်အတွင်း မီးလောင်ရှုံးဆုံးသွားသည့် မောင်တောမြို့နယ်က ဟိန္ဒူ၊ မွတ်ဆလင်၊ ရခိုင်လူမျိုးများအတွက် အိန္ဒိယအစိုးရက ဆောက်လုပ်လှူဒါန်းထားသည့် နေအိမ် (၂၅၀) ကို ယနေ့ ဇူလိုင်လ ၉ ရက်နေ့တွင် မြန်မာဘက်ကို လွဲှပြောင်းပေးအပ်ခဲ့သည်။

အိန္ဒိယအစိုးရက မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာတွင် ဟိန္ဒူလူမျိုးများအတွက် နေအိမ် (၁၄၈)အိမ်၊ နံသာ တောင်ကျေးရွာ ရခိုင်လူမျိုးများအတွက် လူနေအိမ် (၄၂)အိမ်နှင့် ကြိမ်ချောင်းတောင်ကျေးရွာတွင် ပြန်လည် ဝင်ရောက်လာမည့် ဘင်္ဂလီများအတွက် အိမ်ခြေ ၁၆၀ အိမ်တို့ကို ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

လွဲှပြောင်းပွဲအခမ်းအနားကို ရွှေဇားကျေးရွာတွင် ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒု- ဝန်ကြီး ဦးစိုးအောင်၊ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E.Mr Saurabh နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက် ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်က မောင်တောဒေသရှိ ရဲကင်းစခန်းများကို ARSA အကြမ်းဖက်သမားများက ဝင်ရောက် တိုက်ခိုက် ခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကျဆုံးမှုရှိခဲ့သည်။ ထို့အပြင် ဒေသခံအမြောက်အများလည်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ယင်းသို့ တိုက်ခိုက်ခံရမှုကြောင့် မြန်မာဘက်က ပြန်လည် တိုက်ခိုက်ခဲ့သဖြင့် မွတ်ဆလင် ၇ သိန်းကျော်ခန့်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု နိုင်ငံတကာက ပြောဆိုထားသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...