မင်းတပ်မြို့နယ်၊ ရပ်ဒုတ်ကျေးရွာ ကျောင်းသွားလမ်းပျက်၍ ကျောင်းပိတ်လိုက်ရ

မင်းတပ်မြို့နယ်၊ ရပ်ဒုတ်ကျေးရွာ ကျောင်းသွားလမ်းပျက်၍ ကျောင်းပိတ်လိုက်ရ

မင်းတပ်မြို့နယ် ရပ်ဒုတ်အုပ်စု ရပ်ဒုတ်ကျေးရွာရှိ အလယ်တန်း ကျောင်းသွားရာ လမ်းနှစ်နေရာ မြေပြို၍ ကျောင်းသွားရာလမ်းမှာ လုံးဝပျောက်သွားခြင်းကြောင့် ကျောင်းများကို ပိတ်ထားရကြောင်း ဒေသခံ ဆလိုင်းလွန်းထန်းကီးကပြောသည်။

ဆလိုင်းလွန်းထန်းကီး က“ဒီမနက်ကျောင်းသွားတဲ့ အချိန်မှာ နှစ်နေရာမှာ မြေပြိုတာနဲ့ လမ်းကလည်း လုံးဝပျောက်သွားတယ်။ ကျောင်းသားတွေက ရွာသစ်ကနေ ရွာဟောင်းမှာရှိတဲ့ ကျောင်းကို နှစ်မိုင်လောက် ခြေကျင်နဲ့သွားပြီး ကျောင်းတက်ကြတယ်။ ဒီမနက်မြေပြိုတော့ ကျောင်းသားတစ်ချို့ ထိခိုက်ဒဏ်ရာတောင် နည်းနည်းပါးပါးရကြတယ်” ဟုပြောသည်။

ရပ်ဒုတ်ကျေးရွာကျောင်းမှာ အလယ်တန်းကျောင်းဖြစ်ပြီး ကျောင်းသူ၊ ကျောင်းသား အယောက် (၈၀) ဝန်းကျင်ပညာသင်ကြားလျက်ရှိသည့် ကျောင်းဖြစ်သည်။

ရပ်ဒုတ်ကျေးရွာသည် အရင်က ရွာဟောင်းတွင် နေထိုင်ခဲ့ကြပြီး နောက်ပိုင်းတွင် ရွာသစ်သို့ နေအိမ်များကို ပြောင်းရွေ့နေ ထိုင်ခဲ့ကြသော်လည်း ကျောင်းကို အစိုးရဖက်မှ ပြောင်းရွှေ့ခွင့်မပေးခြင်းကြောင့် ကျောင်းကို ရွာဟောင်းတွင် သွားတက်ရကြောင်း ဦးလွန်းထန်းကီးကပြောသည်။

ရပ်ဒုတ်ကျေးရွာဟောင်းရှိ ကျောင်းသွားလမ်း မြေပြိုခြင်းကြောင့် လမ်းကိုမပြင်နိုင်သ၍ ကျောင်းကိုပိတ်ထားရမည့်အနေအထားဖြစ်ပြီး ကျောင်းဆောင်သစ်ကို လည်း ရွာသစ်တွင် တည်ဆောက်ရန်လိုအပ်ကြောင်း ဒေသခံများကပြောသည်။

Most read this week

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...