မလေးရှားသွားမည့် မွတ်ဆလင် (၆၀)ကျော်ကို မောင်တောနယ်ခြားစောင့်တပ်ဖွဲ့ ဖမ်းဆီး

မလေးရှားသွားမည့် မွတ်ဆလင် (၆၀)ကျော်ကို မောင်တောနယ်ခြားစောင့်တပ်ဖွဲ့ ဖမ်းဆီး

မလေးရှားနိုင်ငံသို့ သွားရောက်မည့် စက်လှေတစ်စီးအား မွတ်ဆလင် (၆၀) ကျော်နှင့်အတူ မောင်တောမြို့နယ်၊ မြင်းလွှတ်ပင်လယ်ပြင်အနီးတွင် ဇူလိုင်လ ၇ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်ဟု အမှတ် (၄) နယ်ခြား စောင့်တပ်ဖွဲ့ခွဲမှ ရဲအုပ်အောင်ကျော်မိုးက DMG ကိုပြောသည်။

အဆိုပါ စက်လှေသမားများကို စစ်ဆေးချက်အရ ကော့သောင်မြို့၊ သူဌေးကျွန်းမှ လွန်ခဲ့သည့် တစ်ပတ်ခန့်က ထွက်ခွာလာကြခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အုန်းကျွန်းအနီး ရေမိုင် (၁၀)ခန့်အကွာတွင်  ကျောက်ချရပ်နားကာ လှေငယ်များဖြင့် မွတ်ဆလင်(၆၂) ဦး ကို တင်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ပေါ်ပေါက်သည်။

စက်လှေသမားများသည် မွတ်ဆလင်တစ်ဦးလျှင် မြန်မာငွေ (၁၇)သိန်းစီဖြင့် မလေးရှား ရေပိုက်နက်သို့ ပို့ဆောင်ရန်စီစဉ်ထားခြင်းဖြစ်ပြီး လေပြင်းတိုက်ခတ်မှု ပြင်းထန်သောကြောင့် မြင်းလွှတ်ဆိပ်ကမ်းသို့ ဆိုက်ကပ်စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

“ငါးဖမ်းလှေပါ။ မိုးသက်လေပြင်းမိပြီး နောက်ပိုင်းနစ်မြုပ်လို့ မြင်းလွှတ်ပင်လယ်ပြင်အနီးမှာ ကမ်းကပ်လာတာ ” ဟု ရဲအုပ်အောင်ကျော်မိုးက ပြောသည်။

ဖမ်းဆီးရမိသည့် စက်လှေသမား (၄)ဦးနှင့် စကားပြန်တစ်ဦးတို့အား အလယ်သံကျော်နယ်မြေရဲစခန်းတွင် ဥပဒေအရ အရေးယူထားသည်။

ထို့အပြင် မွတ်ဆလင် (၆၀)ကျော်ကိုလည်း အသေးစိစစ်ဆေးပြီး မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူများပါလျှင် သူတို့ဆန္ဒအရ နေရာချပေးမည်ဖြစ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအား စိစစ်တွေ့ရှိလျှင်လည်း လဝကဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု မောင်တောလူကုန်ကူးမှုတပ်ဖွဲ့မှ သိရသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...