ကသည်းသူပုန်များအား သက်ဆိုင်ရာမှ အမြန်ဆုံး ရှင်းလင်းသင့်ကြောင်း ဆွေးနွေး

ကသည်းသူပုန်များအား သက်ဆိုင်ရာမှ အမြန်ဆုံး ရှင်းလင်းသင့်ကြောင်း ဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင်နယ်စပ်တစ်လျှောက် နှင့် ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင်း အခြေချနေထိုင်သည့် ကသည်းသူပုန်များကို သက်ဆိုင်ရာအာဏာ ပိုင်များမှ အမြန်ဆုံးဖယ်ရှားရှင်းလင်းသင့်ကြောင်း တမူးမြို့တွင် ဇွန်လ (၆) ရက်နေ့က ကျင်းပသည့် ဒေသတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ၏ သဘောထားစုစည်းမှုတွင် ပါဝင်သည်။

ဆွေးနွေးပွဲ၏ သဘောထားစုစည်းမှုများတွင် တမူးမြို့တွင် မကြာခဏဖြစ်ပွား လေ့ရှိသည့် အကြမ်းဖက်ဗုံးပေါက်ကွဲမှုများ၊ သတ်ဖြတ်မှုများသည် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအခြေအနေကို ပြသသည့် အကြောင်းအရာ အချို့ဖြစ်ခြင်းကြောင့် သက်ဆိုင်ရာမှ အမြန်ဆုံး တရားခံကိုဖော်ထုတ်ပြီး လူထုထံချပြရန်၊ တမူးခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနနှင့် သက်ဆိုင်ရာဌာနများမှ တမူးဒေသအတွင်း နေထိုင်သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားအားလုံး ပြန်လည်စိစစ်ပြီး တရားမဝင်နေထိုင်သူများကို အရေးယူရန်နှင့် အလားတူ ပုံစံအမျိုးမျိုးဖြင့် တရားမဝင်ပိုင်ဆိုင်သည့် မြေကွက်၊ အိမ်ခြံမြေများကိုအရေးယူရန်စသည့် အချက်များပါဝင်သည်။

ထို့အပြင် ကသည်းသူပုန်များအားရှုံ့ချသည့် ဆန္ဒထုတ်ဖော်ပွဲ၊ ဆန္ဒလက်မှတ် ကောက်ခံပွဲကိုလည်း ဒေသခံပြည်သူများအနေဖြင့် ဥပဒေဘောင်အတွင်းက ဆောင်ရွက်သင့်ကြောင်းပါရှိသည်။

ဒေသအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ(တမူးခရိုင်)၏ သဘောထားစုစည်းမှုကို အချက်လေးချက်ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါသဘောထားစုစည်းမှုမှာ တက်ရောက်သူအားလုံး၏ သဘောထားဖြစ်သည်ဟု မဆိုလိုပဲ အများစု၏ ဆွေးနွေးချက်ကို စုစည်းခြင်းဖြစ်သည်။

အဆိုပါဆွေးနွေးပွဲတွင် ဒေသခံလွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီအသီးသီးက ခေါင်းဆောင်များ၊ အရပ်ဖက်အဖွဲ့အစည်း ခေါင်းဆောင်များနှင့်ကျေးရွာအသီးသီးမှ စိတ်ဝင်စားသူစုစုပေါင်း (၁၇၀) ဦးခန့်တက်ရောက်ခဲ့ကြသည်။

ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...