မြန်မာနိုင်ငံ ဂုဏ်သိက္ခာ ထပ်မံမ ထိခိုက်ရန် အင်တာနက်ဒေတာ ပိတ်မှု အမြန်ဆုံးပြန်ရရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်

မြန်မာနိုင်ငံ ဂုဏ်သိက္ခာ ထပ်မံမ ထိခိုက်ရန် အင်တာနက်ဒေတာ ပိတ်မှု အမြန်ဆုံးပြန်ရရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်

မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ ထပ်မံထိခိုက်ခြင်းမှ ထိန်းသိမ်းနိုင်ရန် ရခိုင်ပြည်နယ် ( ၈) မြို့နယ် နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် အင်တာနက်လိုင်း ဝန်ဆောင်မှုကို

နှောင့်နှေးကြန့်ကြာမှုမရှိပဲ ပြန်ရသင့်ကြောင်း ဝါရှင်တန်ဒီစီမှ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်မှ ဇွန်လ ၂၉ ရက်နေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

အင်တာနက်ဝန်ဆောင်မှု ပြန်လည်ရရှိခြင်းဖြင့် အကြမ်းဖက်မှုသက်ရောက်သည့်နေရာများတွင် ထပ်မံမဖြစ်ပွားစေရေးအတွက် ရည်ရွယ်၍ အစိုးရက ဆောင်ရွက်နေသည့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများပွင့်လင်းမြင်သာမှုနှင့်တာဝန်ခံမှု၊ တာဝန်ယူမှုရှိခြင်းကို လွယ်ကူချောမွေ့စေမည်ဖြစ်ပြီး

နိုင်ငံတကာတွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ ထပ်မံထိခိုက်ခြင်းကို ထိန်းသိမ်းနိုင်မည်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။

ထို့အပြင် အမေရိကန်နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း အကြမ်းဖက်မှု သက်ရောက်လျက်ရှိသည့် နေရာများတွင် အင်တာနက်ကို အခြေပြု၍ ဆက်သွယ်မှုပြုလုပ်နေကြသည့် လူဦးရေ တစ်သန်းခန့်အတွက် အဆက်အသွယ်ဖြတ်တောက်နေခြင်းအတွက် စိုးရိမ်မကင်းဖြစ်ရ ကြောင်းကိုပါထည့်သွင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်မှုအဆုံးသတ်ရေးအတွက် ဆွေးနွေးညှိနှိုင်းခြင်း ကြိုးပမ်းအားထုတ်မှုကို အမေရိကန်ပြည်ထောင်စုက ဆက်လက်အားပေးထောက်ခံနေမည်ဖြစ်ပြီး အကြမ်းဖက်မှု ဖြစ်ပွားသောနေရာများသို့

လူသားချင်း စာနာထောက်ကူမှု အပြည့်အဝရရှိရေးနှင့် မီဒီယာများ သွားရောက်ခွင့်ရရှိရေး၊ လူ့အခွင့်အရေးအလွဲသုံးသူများနှင့် ချိုးဖောက်သူများအား တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေရေးအတွက် ကိုလည်း အမေရိကန်ပြည်ထောင်စုက တောင်းဆိုထားသည်။

ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...