ပလက်ဝစစ်ဘေးရှောင်များအတွက် အလှူငွေ သိန်း ၂၀၀ ဝန်းကျင်ရရှိကြောင်းသိရှိရ

ပလက်ဝစစ်ဘေးရှောင်များအတွက် အလှူငွေ သိန်း ၂၀၀ ဝန်းကျင်ရရှိကြောင်းသိရှိရ

ပလက်ဝမြို့ပေါ်သို့ ပြောင်းရွှေ့ စစ်ဘေးရှောင်ပြည်သူများ နေထိုင်ခဲ့စဉ် စစ်ဘေးရှောင်များအတွက် အလှူငွေ သိန်း၂၀၀ဝန်းကျင် လက်ခံရရှိပြီး လက်ရှိသိန်း ၁၀၀ ကျန်ရှိသေးကြောင်း စစ်ဘေးရှောင် ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌ ဦးဝေတန်းကပြောသည်။

စစ်ဘေးရှောင် ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌ ဦးဝေတန်းက “ပလက်ဝမြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင်တွေအတွက် အလှူငွေတွေကို ကျွန်တော်တို့က လက်ခံတယ် အမြို့မြို့နယ်နယ်က အဖွဲ့အစည်း အသင်းအဖွဲ့ကနေဖြစ်ဖြစ် နိုင်ငံခြားကနေဖြစ်ဖြစ် ပုဂ္ဂိုလ်တစ်ဦးခြင်း ဖြစ်ဖြစ်လှူကြတယ် လက်ခံရရှိတဲ့ အလှူငွေ အားလုံးကိုတော့ မပေါင်းရသေးဘူး ခန့်မှန်းခြေအားဖြင့် သိန်းနှစ်ရာတော့ ရရှိမယ်လို့ ထင်တယ် မြို့ပေါ်ကိုလာရောက်ခိုလံှုတုန်းက သူတို့စားဝတ်နေရေး ကျန်းမာရေးအတွက် ဆေးဝါးတွေမှအစ ကူညီပံ့ပိုးပေးတာ သိန်း၁၀၀လောက်တော့ ကုန်သွားတယ် သိန်း၁၀၀လောက်တော့ကျန်ရှိသေးတယ်”ဟုပြောသည်။

ဇွန်လ ၁၀ ရက်နေ့က ပလက်ဝမြို့ပေါ်သို့ စစ်ဘေးရှောင်သူ ကျေးရွာပေါင်း(၅)ရွာမှ အိမ်ထောင်စု ၁၅၈ အိမ်ထောင်စုရှိပြီး လူဦးရေအားဖြင့် (၇၈၇)ဦးရှိခဲ့သည်။ လက်ရှိအချိန်တွင် လာရောက်ခိုလုံခဲ့သော ကျေးရွာများမှာ နေရပ်ပြန်နိုင် ခဲ့ဲကြသော်လည်း သူတို့၏ စားနပ်ရိပ်က္ခာအတွက် တောင်ယာစပါးမရှိသေး၍ သုံးလအထိ သူတို့စားနိပ်ရိက္ခာအတွက် ကူညီပံ့ပိုးကူညီပေးမှု လိုသေး၍ ကျန်ရှိသော ငွေများကို လုံလောက်ရန် ကျင့်ချိန်ရကြောင်း စစ်ဘေးရှောင် ကယ်ဆယ်ရေးဥက္ကဌ ဦးဝေတန်းကပြောသည်။

စစ်ဘေးရှောင်ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌ ဦးဝေတန်းက “သူတို့က နေရပ်စွန့်ခွာပြီး ထွက်လာကျရတဲ့သူတွေဆိုတော့ သူတို့စားဖို့ တောင်ယာစပါးက စက်တင်ဘာလလောက်မှ ပေါ်မှာဆိုတော့ နှစ်လသုံးလလောက်တော့ သူတို့စားဖို့ ဆန်ကိုတော့ ထောက်ပံ့ပေးရဦးမှာဆိုတော့ အခုလက်ရှိရှိတဲ့ အလှူငွေတွေ လောက်ချင်မှ လောက်မှာပေါ့ အဲဒါကြောင့် ကျွန်တော်တို့က ငွေကြေးတွေကို ကျင့်ချိန်နေရတယ်”ဟုပြောသည်။

ချင်းပြည်နယ် အစိုးရမှလည်း ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာအတွက် ပြည်ထောင်စုတွင် တောင်းခံစာပေးပို့ထားကြောင်းလည်း သိရှိရပြီး တခြားမြို့နယ်များဖြစ်သော ဖလမ်း၊မတူပီ၊ဟားခါး၊ မင်းတပ်၊ ရန်ကုန်မြို့များမှလူမူ့အဖွဲ့အစည်းအသီးသီးမှ လည်း စစ်ဘေးရှောင်ပြည်သူများအတွက် အလှူငွေကောက်ခံပေးလျှက် ရှိကြောင်းသိရှိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...