တရားဟောဆရာမှ မိန်းကလေးငယ်နှစ်ဦးကို အဓမ္မပြုကျင့်သောအမှု ပေါ့လျော့အောင် ကြိုးစားသူများကို လုံးဝလက်ခံမည်မဟုတ်ကြောင်း အထက်ချင်းတွင်းကွန်ရက်အဖွဲ့ကဆို

တရားဟောဆရာမှ မိန်းကလေးငယ်နှစ်ဦးကို အဓမ္မပြုကျင့်သောအမှု ပေါ့လျော့အောင် ကြိုးစားသူများကို လုံးဝလက်ခံမည်မဟုတ်ကြောင်း အထက်ချင်းတွင်းကွန်ရက်အဖွဲ့ကဆို

ကလေးမြို့နယ်တွင် ခရစ်ယာန်ဘာသာရေးဆရာတစ်ဦးမှ အသက်(၁၁)နှစ် နှင့် (၁၃)နှစ် အရွယ်ရှိသော မိန်းကလေးငယ်နှစ်ဦးကို အဓမ္မပြုကျင့်သော အမှုကို ပေါ့လျော့အောင် ကြိုးစားသူများကို လုံးဝလက်ခံမည်မဟုတ်ကြောင်း ချင်းတွင်းကွန်ရက် အရပ်ဖက် လူမှုအဖွဲ့အစည်းမှ ဦးကျော်သက်ဝင်းကပြောသည်။

ချင်းတွင်းကွန်ရက် အရပ်ဖက်အဖွဲ့မှ ဦးကျော်သက်ဝင်းက “ဥပဒေရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း သွားဖို့ကျွန်တော်တို့က လိုလားတယ် ဒါနဲ့ပက်သက်ပြီး အမှုလျော့ပေါ့ဖို့ ပြင်ဆင်တဲ့သူတွေ ကြိုးစားတဲ့သူတွေကို ကျွန်တော် တို့ဖက်ကတော့ လုံးဝလက်ခံမှာမဟုတ်ဘူး ကလေးမြို့ဒေသမှာရှိတဲ့ အမျိုးသမီးအဖွဲ့တွေနဲ့ လူမှုဝန်ကြီးဦးစီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်”ဟုပြောသည်။

မိန်းကလေးငယ်နှစ်ဦးကို အဓမ္မပြုကျင့်သောအမှုနှင့် ပက်သက်ပြီး တရားဥပဒေအဆင့်ဆင့် ကိုတရားရုံးတွင် စောင့်ကြည့်လေ့လာမှုကို ချင်းတွင်းကွန်ရက် အရပ်ဖက်အဖွဲ့မှ တောက်လျှောက်ပြုလုပ်သွားမှာ ဖြစ်ကြောင်းကိုလည်း ဦးကျော်သက်ဝင်းကပြောသည်။

ခရစ်ယာန်ဘာသာ တရားဟောဆရာဖြစ်သော ဦးဆွမ်ဇမုန်မှာ အိမ်ထောင်ရှိသူဖြစ်ပြီး မိန်းကလေးငယ်နှစ်ဦးကို ကလေးမြို့နယ် တောင်ဖီလာရပ်ကွက်အတွင်းရှိ ဘာသာရေးဆုတောင်းဆောင် တစ်ခုတွင်ဇွန်လ(၁၅) ရက်နေ့တွင် အဓမ္မမှုကျူးလွန်ခဲ့ပြီး အဆိုပါညနေတွင် ကလေးမြို့ရဲတပ်ဖွဲ့က အဓမ္မပြုကျင့်သူ ဦးဆွမ်ဇမုန်ကို ဖမ်းဆီးသွားခဲ့သည်။

ဦးဆွမ်ဇမုန်ကို ဇွန်လ(၁၆)ရက်နေ့တွင် ကလေးခရိုင်တရားရုံးှမှ ရာဇသတ်ကြီး ပုဒ်မ ၃၇၆(မုဒိမ်းမှု)ဖြင့် တရားစွဲဆိုထားပြီး လက်ရှိကလေးမြို့ မြို့မရဲစခန်းတွင် ချုပ်နှောင်ထားကြောင်းသိရှိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း ကလေးမြို့နယ် လက်ပံချောင်းကျေးရွာနေ ဧဝံဂေလိတရားဟောဆရာ တစ်ဦးဖြစ်သူ Lal Biak Larမှ သက်ငယ်အမျိုးသမီး(၂)ဦး အဓမ္မပြုကျင့်မှုဖြင့် ကလေးခရိုင်တရားရုံးမှ ထောင်ဒဏ်(၄၃)နှစ်ချမှတ်ခဲ့သည်။

ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...