ရိုဟင်ဂျာမူစလင်အမျိူးသမီး (၈) ဦး မီဇိုရမ်တွင် ဖမ်းမိ

ရိုဟင်ဂျာမူစလင်အမျိူးသမီး (၈) ဦး မီဇိုရမ်တွင် ဖမ်းမိ

မြန်မာနိုင်ငံသို့ ပို့ဆောင်မည့် ရိုဟင်ဂျာမူစလင်အမျိူးသမီး (၈) ဦးကို အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်တွင် ဇွန်လ ၁၇ ရက်နေ့က ခရီးသည်တင်လိုင်းကားတစ်စီးပေါ်တွင် ဖမ်းဆီးရမိသည်ဟု သိရသည်။

ပြည်နယ်၏ မြို့တော် အိုင်ဇောလ်နှင့် လဲထုန်းကျေးရွာအကြား ပြေးဆွဲနေသည့် ခရီးသည်တင် Maxicab ကားတစ်စီးကို ဇွန်လ ၁၇ ရက်နေ့ တနင်္လာနေ့မနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်က ကျန်ဖိုင်းခရိုင် Dungtlang ရဲစခန်းတွင် တာဝန်ကျရဲတပ်ဖွဲ့များက ရှာဖွေစစ်ဆေးရာတွင် ယခုကဲ့သို့ ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု မီဇိုရမ်နေ့စဉ်ထုတ် Vanglaini သတင်းစာတွင်ဖော်ပြသည်။

အဆိုပါ ရိုဟင်ဂျာမူစလင်အမျိူးသမီး (၈) ဦးကို ချင်းပြည်နယ်နယ်စပ် Saikhumphai ကျေးရွာအထိ ပို့ဆောင်ကာ ထိုမှတဆင့် မြန်မာနိုင်ငံဘက်သို့ပြန်လည်ပို့ဆောင်ရန် စီစဉ်ထားကြခြင်းဖြစ်သည်ဟု သတင်းစာကဆိုသည်။

၎င်းတို့သည် ဘင်္ဂလားဒေရှ့်နိုင်ငံ Kotofalon ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်နေထိုင်သူများဖြစ်ကြပြီး အားလုံးမှာ အသက် (၁၄) နှစ်အောက်အရွယ်များဖြစ်ကြသည်။

အဖမ်းခံရသည့် (၈) ဦးအနက် တစ်ဦးသည် Dungtlang ကျေးရွာတွင် ထိန်းသိမ်းစဉ် ထွက်ပြေးသွားပြီး ကျန် (၇) ဦးကိုတော့ ကျန်ဖိုင်းရဲစခန်းသို့ ပို့ဆောင်ကာ ပုဒ်မ ၃၇၀ ဖြင့် အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။

ရိုဟင်ဂျာမူစလင်အမျိူးသမီးများကို နယ်စပ်ဒေသတွင် လာရောက်ကြိုဆိုမည့် မြန်မာ့နိုင်ငံသား ကလေးမြို့တာဟန်းရပ်ကွက်တွင် နေထိုင်သူဟုဆိုသည့် Nguntindawng နှင့် Khawthlir ကျေးရွာသား Janathan တို့ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးရမိပြီး ကျန်ဖိုင်းရဲစခန်းသို့ ပို့ဆောင်လာစဉ် Khuangleng ကျေးရွာအနီးတွင် ထွက်ပြေးလွတ်မြောက်သွားသည်ဟု သိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...