တရားဟောဆရာက ဆုတောင်းဆောင်တွင် ၁၁ နှစ်အရွယ် ၆ တန်းကျောင်းသူကို အဓမ္မပြုကျင့်

တရားဟောဆရာက ဆုတောင်းဆောင်တွင် ၁၁ နှစ်အရွယ် ၆ တန်းကျောင်းသူကို အဓမ္မပြုကျင့်

ကလေးမြို့နယ် တောင်ဖီလာရပ်ကွက်အတွင်းရှိ ဘာသာရေးဆုတောင်းဆောင်တစ်ခုတွင် ခရစ်ယာန် တရားဟောဆရာ ဦးဆွမ်ဇမုန်က အသက် (၁၁) နှစ်အရွယ် (၆) တန်းကျောင်းသူကို အဓမ္မပြုကျင့်သည့် ဖြစ်ရပ် ဇွန်လ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ကလေးမြို့ မြို့မရဲစခန်းမှသိရသည်။

ကလေးမြို့နယ် ကြို့သုံးပင်ရပ်ကွက်နေ (၆) တန်းကျောင်းသူ မ…..သည် လိမ်မာရေးခြားရှိစေရန်နှင့် အန္တရာ ယ်ကင်းစေရန်ဟုဆိုကာ အဒေါ်ဖြစ်သူက ကြို့သုံးပင် နယ်မြေ(၉) ရပ်ကွက်နေ Fuller Assemble Of God ဖူလာ A.G (အထူးသီးသန့် အသင်းတော်)မှ ပါစတာ(တရားဟောဆရာ) အသက် (၄၅) နှစ်အရွယ် ဦးဆွမ်ဇမုန်ထံသို့ အပ်နှံရာ ပါစတာမှ ဆိုင်ကယ်ဖြင့် တောင်ဖီလာရပ်ကွက် အသင်းတော် ၏ဆုတောင်းဆောင်သို့ ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည် ရဲစစ်ချက်မှတ်တမ်းအရသိရသည်။

ယင်းကဲ့သို့ အဓမ္မပြုကျင့်မှုသည် ဘုရားသခင်စေခိုင်းချက်အရ ပြုလုပ်ရခြင်းဖြစ်ကြောင်း မည်သူမျှပြန်မပြောရန် ပါစတာက ပြောကြားကာ နေအိမ်သို့ပြန်လိုက်ပို့ခဲ့သည်ဟု သိရသည်။ ထို့နောက် ည ၇ နာရီတွင် နယ်မြေ (၆) ရပ်ကွက်နေ အဒေါ်ဖြစ်သူထံ သွားရောက်ပြီး ညနေပိုင်းက တောင်ဖီလာဆုတောင်းဆောင်အခန်း၌ ပါစတာမှ သားမယားပြုကျင့်ခဲ့ကြောင်းပြောပြကာ ရဲစခန်း၌တိုင်ကြားခဲ့ပြီး ၁၆ ရက်မနက် ၉ နာရီဝန်းကျင်တွင် အဆိုပါစတာကို ကလေးမြို့ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့သည်ဟု သိရသည်။

တရားဟောဆရာ ဦးဆွမ်ဇမုန်ကို ရာဇသတ်ကြီးပုဒ်မ ၃၇၆ (မုဒိမ်းမှု) ဖြင့် အမှုဖွင့်အရေးယူထားပြီး ကလေးမြို့ မြို့မရဲစခန်းတွင် ချူပ်နှောင်ထားသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း ကလေးမြို့နယ် လက်ပံချောင်းကျေးရွာနေ ဧဝံဂေလိတရားဟောဆရာ ပါစတာ Lal Biak Lar ခေါ် Laiboih ကို သက်ငယ်အမျိူးသမီး (၂) ဦးအား အဓမ္မပြုကျင့်မှုဖြင့် ကလေးခရိုင်တရားရုံးက ထောင်ဒဏ် (၄၃) နှစ်ချမှတ်ခဲ့သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...