ချင်းပြည်နယ် ပလက်ဝမြို့သို့ ဆန်သယ်ယူခွင့်ပိတ်ပင်မှုကြောင့် ဆန်ပြတ်လပ်

ချင်းပြည်နယ် ပလက်ဝမြို့သို့ ဆန်သယ်ယူခွင့်ပိတ်ပင်မှုကြောင့် ဆန်ပြတ်လပ်
 

ရခိုင်ပြည်နယ်ဘက်မှ ဆန်သယ်ခွင့်ပိတ်ပင်ထားသည့်အတွက် ချင်းပြည်နယ်တောင်ပိုင်းပလက်ဝမြို့တွင် ဆန်ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ရောင်းစရာဆန်မရှိသည့်အတွက် ဆန်ဆိုင်များလည်း ပိတ်ထားရသည်ဟု သိရသည်။

မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့(AA) အကြား တိုက်ပွဲဖြစ်ပွားနေမှုကြောင့် လုံခြုံရေးအခြေအနေ ကြောင့်ဟုဆိုကာ မြန်မာ့တပ်မတော်(၂၈၉) ဗျူဟာတပ်က ရခိုင်ပြည်နယ်မှ ဆန်များ ပလက်ဝမြို့ဘက်သို့ တင်ပို့ခွင့်ကို ပိတ်ပင်ထားသည့်အတွက် ယခုကဲ့သို့ဆန်ပြတ်လပ်သည့်အခြေအနေဆိုက်ရောက်ရခြင်းဖြစ်သည်ဟု ပလက်ဝမြို့နယ် လူမှုကူညီရေးပရဟိတအဖွဲ့မှ ဦးကျော်ခင်ကပြောသည်။

“ ၂၈၉ ဗျူဟာကပဲ သူတို့ပိတ်ထားတာ၊ လောလောဆယ်တော့ သယ်ယူခွင့်မရသေးဘူးလို့ပြောတာ ဆန်ရောင်းတဲ့ဆိုင်တွေကနေ အဲလိုတော့ပြောတာပဲ ကျွန်တော့်အမေကိုယ်တိုင်က ဆန်ရောင်းတာဆိုတော့လေ ” ဟု ဦးကျော်ခင်ကပြောသည်။

ပလက်ဝမြို့က ဆန်ဆိုင်များသည် ရခိုင်ပြည်နယ် ကျောက်တော်ဘက်မှ ဆန်များကို အဓိကသယ်ယူကာ ပြန်လည်ရောင်းချနေရပြီး ဆန်သယ်ယူခွင့်ပိတ်ပင်ထားသည့်အတွက် ရောင်းစရာဆန်မရှိဘဲ ဆိုင်ပိတ်ထားကြ ရသည်ဟု ၎င်းကဆက်ပြောသည်။
ယခုကဲ့သို့ ဆန်ပြတ်လပ်မှုကြောင့် ဒေသခံပြည်သူများသည် နီးစပ်ရာဆွေမျိူးများထံသို့ အကူအညီတောင်း ခံကာ မျှဝေစားသုံးနေကြရသည်ဟု သိရသည်။

“ရှိတဲ့လူဆီကပဲ ဘယ်သူ့ဆီမှာရှိမလဲဆိုပြီးတော့ စုံစမ်းပြီးတော့ ရှိတဲ့လူဆီကပဲ ရောင်းပါအုံး၊ အဲလိုပဲအကူအညီတောင်းပြီးမှ ဝယ်ရတဲ့သဘောဖြစ်နေတာပေါ့ အဲလိုပဲ ဘယ်မှာရှိမလဲ အရင်ကလှောင်ထားတဲ့သူတွေရှိတာပေါ့၊ ဘယ်တော့ပြန်သယ်လို့ရမလဲတော့ ကျွန်တော်တို့လည်းမေးလဲမမေးဖြစ်ဘူး ဒီအပတ်တော့ရအုံးမှာမဟုတ်ဘူးလို့တော့ အဲလိုဆန်ရောင်းတဲ့သူတွေဆီကနေကြားတယ်” ဟု ဦးကျော်ခင်ကပြောသည်။

ပလက်ဝမြို့ပေါ်တွင် ဆန်ရောင်းသည့် ဆိုင် (၁၅) ဆိုင်ခန့်ရှိပြီး ဒေသခံများပုံမှန်စားသုံးကြသည့် ဆန်တစ်အိတ်လျှင် ကျပ်ငွေ ၃ သောင်းကျော်ခန့်ရှိကာ ဆန်ဈေးများအဆမတန်မြင့်တက်နိုင်ကြောင်း ဒေသခံများအနေဖြင့် စိုးရိမ်နေရကြောင်း သိရသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...